Tuesday, April 29, 2008

အမေပြုံးနေသည်...


တိုက်ရင်းသေသွားတဲ့ အမေ
ကျနော်တို့ကတော့ အချင်းချင်းဖိုက်ရင်း တွေနေကြတယ်။

အတွင်းအပြင် ကြည်စင်တဲ့ ကိုယ်ကျင့်တရားကြောင့်ရွှန်းပတဲ့အပြုံး
ကျနော်တို့ အရက်ဝိုင်း ကိုယ်ကျင့်တရားဘေးမှာထားေ၀၀ါးဝါး
နိုင်ငံရေး စကားနဲ့ မိုးလင်းခဲ့…။

အမေနားလည်မှုအပြုံးတွေပေးခဲ့ပေမယ့်
သားတို့ မစည်းရုံးခဲ့လို့ နအဖတို့အကြိုက် သန်းရွှေခိုက်ခဲ့တယ်။

သားတို့ လွတ်လပ်ပျော်ရွှင်တဲ့အပြုံး အမေမမြင်လိုက်ရပေမယ့်
အမေ့ရဲ့ နားလည်ခွင့်လွှတ်မှုအပြုံးတွေက ရှင်းသန့်တဲ့ကိုယ်ကျင့်
အရှိန်မြှင့်တိုက်ပွဲအတွက် ပွဲသိမ်းရက်အမြန် ခွန်အားမာန်ပြင်း ရန်ကိုခွင်း….။

joy

2 comments:

ကိုဖိုးတရုတ် said...

သိပ်ကောင်းတဲ့ ကဗျာလေးဘဲဗျာ... အရမ်းလည်း ထိမိလှပါပေတယ်... ဒီလိုကဗျာလေးတွေကို လူတွေသိအောင် များများဖြန့် ဝေပေးပါ

Anonymous said...

မှန်လှိက်တဲ့ စာသားတွေ သွေးကိုထါက်ကရေပဲ