Friday, April 11, 2008

တိမ်လိုလူ


ဖျတ်ဖျတ်လူးနေတဲ့ ငါ့ခေါင်းပေါ်က ကြယ်တွေ
ငါ့တစ်ကိုယ်စာပိုင်နက်ထဲများ ခုန်ဆင်းလာလေမလား
ဒုက္ခရောက်တိုင်း ၀ပ်ကျင်းတွေ ရှာဖွေရတာလည်း
မောလှပြီ....

တခါတလေများဆို
ကိုယ့်အရိပ်တွေ ကိုယ့်နောက်လိုက်ရင်တောင်
သိပ်မကြိုက်ချင်တော့ဘူး

ရေအိုးနဲ့ အိပ်ယာ လွန်းထိုးရင်းမိုးလင်းခဲ့တဲ့ညတွေ
ကြာလာရင် ဘာဖြစ်မယ်ဆိုလားဘဲ....
အခုနေများ
“ဒါဝင်” ရှိရင်မေးချင်တယ်
ကျနော် မျောက်ပြန်ဖြစ်အောင်
ဘယ်လောက် စောင့်ရအုံးမလဲလို့......

နေနေ(နို့ဖိုးစခန်း)

1 comment:

nwayoothachin said...

တိမ်လိုလူ
ကဗျာကကိုဖတ်ရင်းခံစားချက်အပြည့်နဲ့ပြုံးမိတယ်ရှင်
မပြုံးတတ်တာကြာပြီဖြစ်တဲ့ ကျမကိုပြုံးလာအောင်
လုပ်ပေးလို့ကျေးဇူးပါ
မွန်မွန်