Saturday, April 5, 2008

အဆိပ်ပြင်းတဲ့ ရာသီ


အမေနဲ့ စိတ်မဆိုးဘဲ အိမ်နဲ့ဝေးခဲ့တယ်
မိသားစုရဲ့ ဘောာဂဗေဒက
သူလိုငါလိုလောက်တောင် မလောက်ငခဲ့ဘူး။

ရည်းစားနဲ့ စိတ်မကောက်ဘဲ အကြင်နာနဲ့ဝေးခဲ့တယ်
ကျနော်တို့ရဲ့ အနာဂါတ်ကို
ကျနော်ကိုယ်တိုင် ထုဆစ်ချင်ခဲ့တာကိုး …

သူငယ်ချင်းတွေနဲ့ ရန်မဖြစ်ဘဲ နွေးထွေးမှုနဲ့ ဝေးခဲ့တယ်
ဘွဲ့လေးတစ်ခုစီရကြရုံနဲ့ မလုံလောက်ဘူးဆိုတာ အရင်ကမသိခဲ့ဘဲကိုး …

လမ်းထိပ်က ပိတောက်ပင်ကြီးကတော့ ဒီအချိန်ဆို
အလွမ်းတွေ ပွင့်ဖူးနေမှာပါ
သေချာပါတယ်….
(ဝေါသားလေး-ပြည့်စုံ)

သေချာပါတယ်
ရာသီတိုင်းကိုလွမ်းနေရပေမယ့်
ဒီရာသီက အဆိပ်ပြင်းတဲ့ရာသီပါ
ရင်ထဲမှာဖွဲ့တည်နေတဲ့ မျက်ရည်တွေ
မျက်ဝန်းက ဘယ်အချိန်ရွာသွန်းမလဲပဲ
တပ်မက်မှုအပြည့်နဲ့ ရထား
ကိုယ့်ဘူတာ ကိုယ်ဆိုက်နိုင်အောင်
မီးစာကုန် ဆီမခမ်းဖို့ကို
သတိနဲ့ အသိနဲ့….။

နေနေ(နို့ဖိုးစခန်း)

8 comments:

ရွှန်းမီ said...

သူငယ်ချင်းတွေ ရေးတဲ့ ကဗျာကို သဘောကျတယ်..
အားပေးလျက်ပါ.. :-)

မြန်မာပြည်ကိုလွမ်းတယ် said...

အဆိပ်ပြင်းတဲ့ ရာသီကိုကြိုက်တယ်
စီပုံးမတွေ.လို.။လေးဖြူသီချင်းလေး
နားထောင် ပြီးကဗျာလေးဖတ်သွားတယ်နော်

Anonymous said...

နှစ်ယောက်ပေါင်းရေးထားတဲ့ ကဗျာလေး ကောင်းတယ်ဗျ အဆိပ်တွေပြင်းလိုက်ပုံများ မေတ္တာတရားတွေ ခေါင်းပါးလွန်းတယ် သင်္ကြန်မှာပွင့်မယ့် ပိတောက်တွေတော့ မွှေးနိုင်ကောင်းပါရဲ့ ။

ယုန်ကလေး said...

အမေနဲ့ စိတ်မဆိုးဘဲ အိမ်နဲ့ဝေးခဲ့တယ်
မိသားစုရဲ့ ဘောာဂဗေဒက
သူလိုငါလိုလောက်တောင် မလောက်ငခဲ့ဘူး။

ရည်းစားနဲ့ စိတ်မကောက်ဘဲ အကြင်နာနဲ့ဝေးခဲ့တယ်
ကျနော်တို့ရဲ့ အနာဂါတ်ကို
ကျနော်ကိုယ်တိုင် ထုဆစ်ချင်ခဲ့တာကိုး …

ကိုဝေါသားလေးရေ ကဗျာလေးကို လာခံစားသွားတယ်နော် စာသားလေးတွေက လှတယ်နော် နှစ်ယောက်ပေါင်းထားတော့ ပိုပြည့်စုံသွားတာပေါ့နော်

Anonymous said...

ပိတောက်တွေဖူးပေမယ့်လဲ.. တစ်ခုတည်းနဲ့မပြည့်စုံတဲ့ ဘ၀တွေမှာ အိမ်ကလေးနဲ့လဲဝေးရင်းက မပြန်ဖြစ်သေးတဲ့ တနေရာကနေ.. ခံစားသွားတယ်ဗျာ..

ein said...

အဆိပ်ပြင်းတဲ့ရာသီမှာ ပွင့်ဖူးတဲ့ ပိတောက်နှင့်အတူ...း)
သင်္ကြန်လာကျဦးဗျာ ...နေ့တိုင်းနော် အကေလဲကေလိုက်ဗျာ...း)

99 said...

ကျနော်ခူးထားတဲ့ ပိတောက်ပန်းတွေ ပေးခဲ့တယ်ဗျာ။ ဘုရားလည်းလှူ .. ပေးချင်သူကိုလည်း ပေးရအောင်ပေါ့။
ဘရိုတို့ လမ်းထိပ်က အပင်ကတော့ မဟုတ်ဘူးနော် ..
ကျနော့် ခြံထဲကအပင်က ခူးထားတာဗျ။ :D

လင်းဒီပ said...

ကောင်းတယ်ဗျာ....
အမေနဲ့ စိတ်မဆိုးဘဲ အိမ်နဲ့ဝေးခဲ့တယ်
ကျွန်တော်လည်း ခင်ဗျားလိုပါဘဲ..
အင်းလေ အားလုံးနဲ့ဝေးနေရဦးမှာဘဲ..
ခေတ်က ဒီလိုပြဌန်းတာကိုး...