Wednesday, September 9, 2009

အဖြူရောင် အပိုင်းအစ

အလင်းတွေ ပိုပြီးတောက်ပ
ငါ အမှောင်နက်နက်ထဲ နစ်ဝင်နေဆဲ
ငါ့ရဲ့ ရင်ခုန်သံတွေ
အသည်းကွဲခြင်းရဲ့ အလှတရားကို ဖော်ကျူး…။

အလင်းနဲ့ အမှောင်
အသံနဲ့ တိတ်ဆိတ်မှု
ညီညွတ်စွာ ပျောက်ဆုံး
အလိုပြည့်ခြင်းမရှိတဲ့
ပုထုဇဉ် ' ငါ ' ပစ္စုပ္ပန်ထဲ
ငါ့ရဲ့အနာဂတ် ငရဲခန်းဖြစ်တော့မယ်….။

ငါ့ကိုယ်ငါ မမြင်တဲ့ငါ
ငါ့ကိုယ်ငါ ပြန်ရှာ
ငါ့ကိုယ်ငါ မြင်တွေ့နိုင်ဖို့
ပစ္စုပ္ပန်ထဲက ထွက်ပြေးမိခဲ့
ဒါဝင်ရေ…
ငါသိချင်မိရဲ့ ' မျောက် ' ဘယ်ကနေ ဆင်းသက်လာသလဲ….။

ပြည့်စုံ (ဝေါသားလေး)

ဆက်လက်ဖတ်ရှုရန် ...