Wednesday, April 2, 2008

ဖြေရှင်းချက်

ခင်မင်းဇော် said...
ပြည့်စုံရေ
နေနေ(နို့ဖိုးစခန်း)ဆိုတော့ ခေတ်ပြိုင်မှာ ကဗျာတွေ အက်ဆေးတွေ ရေးနေကျ နေနေထင်လို့ သွားမေးကြည့်တော့ မဟုတ်ဘူးတဲ့။ အဲဒီနေနေက အခုမစ္ဇျိမ က နေသွင်ပေါ့။ အရင် မိုးကြိုးက။ ဒီလို နာမည်ဆင်တူနေတာတော့ မကောင်းသေးဘူး ထင်ပါတယ်။ သူ့ဘလော့လဲ ရှိတယ်။့ http://naythwin.blogspot.com ကဗျာရပ်ဝန်းဘလော့မှာတောင် နောက်ဆုံးကဗျာတပုဒ် တင်ထားသေးတယ်လေ။ ကလောင်နာမည်ရွေးချယ်မှုက အရေးကြီးတယ်ထင်ပါတယ်။
April 1, 2008 3:06 AM

မခင်မင်းဇော် ….
လူတူမရှား နံမည်တူမရှားဆိုတဲ့ စကားရှိပေမယ့်။ “ ကလောင်နံမည်” ရွေးချယ်မှုအရေးကြီးတယ်ဆိုတဲ့ မခင်မင်းဇော်အကြံပြုချက်ကို ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် ကျနော့်ဘလော့ဂ်မှာတင်ထားတဲ့ နေနေ(နို့ဖိုးစခန်း)ဆိုတဲ့ကလောင်နဲ့ နေနေ နဲ့တော့ အလွယ်တကူခွဲနိုင်ဖို့ကောင်းပါတယ်။ ကလောင်နာမည်နောက်မှာပါတဲ့ အထူးပြုကို အလကားသက်သက်ထည့်ထားတာမဟုတ်ပါဘူး၊ အဲဒီလို ၀ိဝါဒတွေကို ရှောင်ရှားဖို့ထည့်ထားတာလို့ထင်ပါတယ်။
ကျနော်တို့မြန်မာစာပေသမိုင်းမှာလည်း အများကြီးရှိပါတယ်။ ဆရာကြီးမြမျိုးလွင်တို့ခေတ်၊ ပဲတန်ဝတ္တုတိုခေတ်တွေမှာကိုရှိခဲ့ပါတယ်။ အခုလက်ရှိခေတ်ပြိုင်တွေထဲမှာလည်း အများကြီးရှိပါတယ်။ ၀င်းဖေ၊ ၀င်းဖေ(မုံရွာ)၊ ညိုမင်းလွင်၊ ညိုမင်းလွင်(မြန်မာမြေ) စတဲ့ကလောင်တွေပါ။ စာရေးဆရာ ဒါရိုက်တာဝင်းဖေဟာ ကဗျာဆရာမုံရွာ ၀င်းဖေမဟုတ်မှန်း မြန်မာစာဖတ်ပရိတ်သတ်သိသလို အခုဒါရိုက်တာ အူကြောင်ကြား ညိုမင်းလွင်ဆိုတာ ရုပ်ရှင်မင်းသား ၀င်းဦး(ညိုမင်းလွင်)ဒါမှမဟုတ် ကဗျာဆရာ စိုးအောင်သစ်(ညိုမင်းလွင်-မြန်မာမြေ)မဟုတ်မှန်းလည်း သိကြပါတယ်။ စာရေးဆရာမသန်းမြင့်အောင်နဲ့ ပန်းချီဆရာသန်းမြင့်အောင်တို့ဆို လိင်ဘဲကွဲတယ် နာမည်ကတော့အတူတူပါပဲ။

လေးစားစွာဖြင့်
ပြည့်စုံ(ဝေါသားလေး)

6 comments:

စိုးထက် - Soe Htet ! said...

မှန်ပါတယ် ... နာမည်တူက ရှိနိုင်တာပဲလေ ... :)

ယုန်ကလေး said...

ဟုတ်ပါတယ် နာမည်တူ ရှိကြပါတယ်။

99 said...

နာမည်က ပြဿနာမဟုတ်ပါဘူးဗျာ ..။
ရည်ရွယ်ချက်ရှိနေတဲ့ လုပ်ရပ်ကောင်းနေရင် ပြီးတာပါပဲ ..။

Anonymous said...

ဟုတ်ပါတယ် ကျနော်လည်းထောက်ခံတယ် ကမ္ဘာကျော်တွေတောင် နာမည်တူနိုင်တာပဲ ဘလော့မှာ နာမည်တူတာလောက်တော့ စာမဖွဲ့ လောက်ပါဘူးးး။

ein said...

နာမည်တူမရှား လူတူမရှားပေါ့ ဗျာ ဟုတ်ဘူးလားကိုဝေါသားလေးရေ...း)
ဆက်လက် ချီတက်ပါ အားပေးပါတယ်နော်...း)

MON said...

အရမ်းတော်တာပဲ ကိုပြည့်စုံရေ
စာပေကို တကယ်လိုက်စားသူ
မှန်းသိသာပါတယ်
ထိထိမိမိနဲ့ အချက်အလက်ကျကျ
ဖြေရှင်းပေးနိုင်တာဂုဏ်ယူစရာပါ
နောက်ထပ်လည်း အဲဒီအချက်ကျကျ
ပိုင်ပိုင်နိုင်နိုင်ပြောတတ်တဲ့စတိုင်လ်တွေကို
အကောင်ဆုံးနေရာတွေမှာအများဆုံး
အသုံးချနိုင်ပါစေ။

သူငယ်ချင်း