Monday, July 13, 2009

သေချာရဲ့လား

ကဗျာတစ်ပုဒ်
ရင်မှာဆုပ်လို့
စာသင်ကျောင်းထဲ
ဝင်လာသူဟာ
ကျနော်မျောက်မင်း
_ _ _ ပါ…။

အဲဒီနေ့က
" ဒီတစ်နှစ်တော့
မအောင်နိုင်ဘူး
နောင်နှစ်ဖြေဖို့
အားပြန်မွေးတဲ့ "
နဝေတိမ်တောင်
ကြောင်တောင်တောင်နဲ့
ဆရာမစကား
နာခံလိုက်တယ်
အဲဒီတုန်းက
ကျနော့်ရင်မှာ
ဝမ်းနည်းမိုးတွေ
ရွာလို့ပေါ့….။


၂၀၀၀ ခုနှစ် ၁၀တန်းကျောင်းသားဘ၀ အမှတ်တရ…။

နေနေ(နို့ဖိုးစခန်း)

ဆက်လက်ဖတ်ရှုရန် ...