Tuesday, March 25, 2008

ရိုးသားစွာဖြင့်


ကောင်မလေးရေ...
ခပ်ပါးပါးတံတိုင်း တစ်ဖက်ဆီမှာ
ငါတို့ရဲ့ ရင်ခုန်သံတွေ ဘယ်လောက်ထိအောင်
တုန်ခါမြင့်မားခဲ့ပါသလဲ...။


ကောင်မလေးရေ....
ငါ့ရဲ့အဖြစ်က
ဆူးပေါ်ဖက်ကျလည်း ဆူးကျိုး
ဖက်ပေါ်ဆူးကျလည်း ဆူးကျိုးနဲ့
လွမ်းတတ်တဲ့ကောင်ဟာ
အခါခါနာကျင်ခဲ့ပေါ့...

ကောင်မလေးရေ...
လူပြောသူပြောများတဲ့ လမင်းကို
တို့နှစ်ယောက်အတူ မငေးခဲ့ဖူးဘူး..
ကြယ်တွေအကြွေမှာ
ပြန်ဆုံအောင်လည်း မဆုတောင်းဖူးဘူးနော်...

ကောင်မလေးရေ....
ငါကတော့ အရိုးသားဆုံး
ကျင့်ကြံခဲ့ပြီးပြီ
အခုလိုဝေးနေတဲ့အချိန်မှာတောင်
ငါဆေးလိပ်မသောက်တာ သိရင်
ပျော်နေမလားပဲ....။

နေနေ(နို့ဖိုးစခန်း)
မှတ်ချက်- Darlay အတွက်သာ

4 comments:

Anonymous said...

ကောင်မလေးကို လွမ်းနေတဲ့အကြောင်းကဗျာလေးကောင်းတယ် ကိုနေနေရေ့ ဆေးလိပ်မသောက်တဲ့အကြောင်း ကောင်မလေး သိနိုင်ပါစေဗျာ အချစ်ရဲ့ သက်သေပေါ့ ကောင်း၏ ကောင်း၏း)

99 said...

လွမ်းနေပုံက လွမ်းဖို့ကောင်းတယ်ဗျို့ ..။
ဆက်လွမ်းဗျာ ..။

Unknown said...

ကောင်မလေးက သိရင် ကဗျာရေးတဲ့သူကို သနားနေမှာပါ..

Anonymous said...

ဟေ့ရောင်နေနေ မင်းဒါလေးကိုမညာနဲ့ မင်းဆေးလိပ်သောက်တာ ငါတွေ့တယ် ...