Monday, March 10, 2008

ဆန္ဒ

ဘုရားသခင်ဟာ
အရာရာကိုဖန်ဆင်းခဲ့တာ မှန်ရင်...။

စစ်ပွဲကြီးတွေ
ပြည်တွင်းစစ်တွေ
မုသာဝါဒ ကျူးလွန်သူတွေ
ဖိနှိပ်မှုတွေ
အဓမ္မတွေ
ဖက်ဆစ်ဝါဒတွေ
စစ်မိစ္ဆာ စစ်ဘီလူးတွေနှင့်
အာဏာရူးတွေကို
ဘယ်သူဖန်းဆင်းခဲ့တာလဲ။

အို....
အချင်းစာတန်
သင်တော့... နာမည်ပိုပျက်ပြီ။
(မကောင်းတာမှန်သမျှ
စာတန်ဖန်တီးတာ... လို့ ပြောကြလိမ့်မယ်)

ဆိုးရွားတာမှန်သမျှ
နတ်မိစ္ဆာက ဖန်းတီးတာလို့ယူဆကြလိမ့်မယ်။
ကောင်းမြတ်တာမှန်သမျှ
ဘုရားသခင်ရဲ့
ကိုယ်ပိုင်ပစ္စည်းလို့တွေးဆကြတော့မယ်။

အို...
ဘုရားသခင်
အရာရာကို ထာဝရဘုရားက
ဖန်ဆင်းခဲ့တာမှန်လျှင်.....
ဖက်ဆစ်ဝါဒ စစ်မိစ္ဆာ စစ်ဘီးလူးတွေနှင့်
အာဏာရူးတွေကို
မဖန်ဆင်းမိပါစေနှင့်....
ဖန်ဆင်းခဲ့သော နတ်မိစ္ဆာရှိခဲ့ရင်
၎င်းနတ်မိစ္ဆာတွေကို
အပြစ်ပေးတော်မူပါ။


ကျနော် ကဗျာရေးဖို့ စိတ်ကူးမပေါ်တာနဲ့ မောင်လှမျိုး(ချင်းချောင်းခြံ) မမနတ်သမီး -ကဗျာကို ဖတ်ရင်းက စိတ်ထဲရှိတာကို ကိုးကားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ကျနော်ဟာကဗျာချစ်သူ တယောက်အနေနဲ့ရေးထားပြီးသားကို ဖျက်ပစ်ရမှာ နမျောလွန်း၍ ဖော်ပြလိုက်ခြင်းဖြစ်ပါ သည်။ ထို့ကြောင့်သီးခံ၍ခံစားပေးကြပါ။ မိတ်ဆွေ သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါသည်။

ပြည့်စုံ


6 comments:

စိုးထက် - Soe Htet ! said...

""ဘုရားသခင်ဟာ
အရာရာကိုဖန်ဆင်းခဲ့တာ မှန်ရင်...။""

မှားလို့ ဖြစ် မယ် ဒီလိုဖြစ်မယ် ... :D

ထွန်း said...

စီပုံးမတွေ့ လို့ ဒီမှာရေးလိုက်တယ်။ အရင် ဒီဆိုဒ်က ကိုဖြိုး ကဗျာ ဆိုတဲ့ ဆိုဒ်နဲ့ တူသလားလို့  ဝေါသားလေးနဲ့ ကိုဖြိုးက တယောက်ထဲလား။ လာလည်ပါအုန်း
joyful4all.blogspot.com

Anonymous said...

ဘုရားသခင်သာ အရာရာကို ဖန်ဆင်းပေးနိုင်လျှင်
လွတ်လပ်မှုအလင်းရောင်ကိုတွေ့ ဖူးချင်တယ်........မတရားမှုတွေပပျောက်စေချင်တယ်။
အေးချမ်းမှုတွေနဲ့ ငြိမ်းချမ်းချင်တယ် ။

''စစ်မိစ္ဆာ စစ်ဘီလူးတွေနှင့်
အာဏာရူးတွေကို
ဘယ်သူဖန်းဆင်းခဲ့တာလဲ။''
ဝဋ်ရှိလျှင် ကြေပါစေတော့ ထာဝရ ဘုရားသခင်................။

phyusinthu said...

ကဗျာလေးက ကောင်းပါတယ်။ တလောကလုံး အေးချမ်းပြီး ချမ်းချမ်းသာသာဆင်ဆင်ပြေပြေရှိကြမယ်ဆိုရင်အရမ်းကောင်းမှာနော်။ ဖြူစင်သူတို့လို ဘာမှမတတ်နိုင်တဲ့လူတွေကတော့ ဆုတောင်းပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ။ လူတွေရှိနေသရွေ့လောဘ၊ ဒေါသ၊ မာန်မာန အဲ့ဒါတွေရှိရင်တော့ စစ်ပွဲတွေ လည်းရပ်တန့်မှာမဟုတ်ဘူးလေ။ cbox ကိုမတွေ့တာနဲ့ ဒီမှာရေးသွားတာပါ။ ကဗျာအားလုံးကိုသဘောကျပါတယ်။ ဆက်လက်အားပေးနေပါမယ်နော်။

ပျိုမေခိုက်တဲ့ကိုကိုဖရီးခင်ဗျ said...

ဖန်ဆင်းခဲ့တယ်အထဲမှာ ကျွန်တော့် အတွက်ချစ်သူတစ်ယောက် မပါတာရင်နာစရာ
ပါပဲဗျာ။ ။ အဟင့် ..ဟင့်..

မေတ္တာကမ္ဘာ said...

ဘုရားသခင်ကအရာရာ ဖန်ဆင်းပေးတာလို့ ပြောရင် အဲ့ဒီထဲမှာ အဆိုးတွေရော အကောင်းတွေရောပါမှာပေါ့....
မကောင်းတာ မလုပ်နဲ့ ပေါ့ ...
ဆုတောင်းတိုင်းလည်းပြည့်မှာမဟုတ်ဘူး...
ကိုယ်တိုင်လုပ်ယူမှာ အရာရာကိုရနိုင်မယ်လို့ 
ထင်တယ်...ကဗျာလေးကကောင်းပါတယ်...