Friday, March 7, 2008

ဒီနေ့


အမေ....
ကြည့်ရင်မြင်နိုင်ပေမယ့်...
ကြည့်လို့မှမမြင်နိုင်အောင်ဝေးနေခဲ့ကြတယ်...
ဒီနေ့ပေါ့...
နွေဦးရဲ့ ပူလောင်မှုတွေကြားထဲကနေ
အမေသားကို လောကထဲအရောက်ပို့ခဲ့တယ်

ဒီနေ့ပေါ့...
သား သတိတွေရနေတာ
မြောက်ပြန်လေပွေထဲမှာ ပိတ်မိနေတဲ့
လေညှင်းလေးတွေနဲ့ အတူပေါ့...။

ဒီနေ့ပေါ့....
လေရူးက နွေဦးရွက်ကြွေကိုတွန်းထုတ်
အဝေးကျောင်းက ခေါင်းလောင်းသံတွေကို စုတ်ယူသွားခဲ့တယ်။
အမေ...
မသိမ်းပိုက်သူသာအောင်နိုင်၏လို့ အဆိုကြားဘူးတယ်
သားဘာမှမသိမ်းပိုက်ရသေးဘူး..
ဒါပေမယ့် သား မအောင်နိုင်သေးဘူးနော်...

ဒီနေ့ပေါ့...
သားရင်ထဲ စမ်းချောင်းလေးတွေစီးဆင်းခဲ့တယ်
အမေ့ကိုအသိမပေးမိ
သားတကိုယ်ကောင်းဆန်ခဲ့မိတယ်...။

ဒီကဗျာလေးက ကျနော်၏ အစ်ကိုလိုချစ်ခင်ရသူ မတ်လ(၆)ရက်နေ့ကျရောက်တဲ့-ကိုဖုန်း(ZHC)ရဲ့ (၂၉)နှစ်ပြည့်မွေးနေ့အမှတ်တရအတွက်ရေးစပ်ခဲ့ခြင်းဖြစ်တယ်... ကိုဖုန်းရေ.. ကျနော့်ကိုနားလည်ပေးပါ.. အချိန်မီမပေးပို့နိုင်တာကို မတ်လ(၆)နေ့တွင်ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ ကျော်အောင် နေ့သစ်တွေတိုင်းမှာလှပပြီး လိုအင်ဆန္ဒတွေထာဝရပြီးပြည့်စုံပါစေဗျာ...။

ညီငယ် ပြည့်စုံ

11 comments:

lucas said...

အမေ့မေတ္တာကို စမ်းချောင်းလေးလိုအေးကြောင်းပြတာ

အမေ့ကိုရင်ထဲအေးနေအောင် တမ်းတာ သတိရတာကိုနှိုင်းထားတာ..

THXS AGAIN , NYI LAY.
I GLAD TO GET THIS POEM AS A BIRTHDAY PRESENT FROM U ,
I FEEL RAINBOWLICIOUS EMOTIONS WHEN I M READING IT.
I HOPE , ALL THE BEST TO U COMING SOON . MY WARMLY BROTHERHOOD MIND IS 4EVER 4 U.LETS KEEP IN TOUCH MORE. TRY HARD , NYI............

Anonymous said...

HaPPy BiRThday ကိုပြည့်စုံရဲ့ သူငယ်အချင်းအစ်ကိုရေ့......၂၉ နှစ်ပြည့်မွေးနေ့ မှသည် မွေးနေ့ တိုင်းကို ပျော်ရွှင်ပါစေဗျာ။ လှပသော နေ့ ရက်များကို ချစ်သောသူနှင့် လျှောက်လှမ်းနိုင်ပါစေ......စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံပါစေ............။

lwansay said...

happy birthday!! ကျနော့် မွေးနေ့လည်း လာခဲ့ဖို့ ဖိတ်ပါတယ်ဗျ

ယုန်ကလေး said...

အမေ့ကှေးဇူးကိုသိတတ်တဲ့ သားလိမ်မာလေးဘဲကောင်းပါတယ်နော် အကိုပြည်စုံ ဆူတောင်းပေးတာက အသက်က ၁၂0 ကြီးတောင် မနေနိုင်ပါဘူး ယုန်လေးဆိုရင်ပြောတာနော် ဟဲဟဲဟဲ

Anonymous said...

သူစိမ်းကောင်းကင်ကနေ လာခေါ်လိုက်တာ “ဒီနေ့” မှပဲရောက်တော့တယ်ဗျာ.. ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေကြောင်း လက်ဆင့်ကမ်းပေးပါဗျာ။

စိုးထက် - Soe Htet ! said...

အမေ့မေတ္တာ လာခံစားကြည့်ရင်း ဆုတောင်းပေးပါတယ် .. အားလုံး အဆင်ပြေ ငြိမ်းချမ်းပါစေ :D

~J-Quen ~ said...

ကဗျာလေးက ကောင်းပါတယ် ကိုဝေါသားလေး :)
(pjz)

Kaung Kin Ko said...

ကဗျလေးဖတ်သွားတယ် ညီလေးရေ ကဗျာလေး ကောင်းတယ်ကွာ

Unknown said...

ကျနော့်အစ်ကို ZHC @ ကိုဖုန်း အတွက်စပ်ဆိုထားတဲ့ ကဗျာလေးကို ထပ်တူခံစားပေးသော ညီငယ်မောင်မျိုး-လွမ်းစေ-ယုန်ကလေး-လွမ်းလုင်-ကိုစိုးထက်- J-quen - ကိုကောင်းကင်ကို... အားလုံးကိုကျေးဇူးတင်ပါတယ်...

ဆက်၍ ကြိုးစားသွားပါအုံးမည်...

ပြည့်စုံ(ဝေါသားလေး)

lucas said...

First of all,,Let me say THXS TO U ALL......

I'm glad and wonder to read the comments from friends via nyi lay's , pyi sone's, blog.

May all the best to u all ahead...

မွန် said...

ဆန္ဒကိုတော့ လုံးဝထောက်ခံတယ် ဒီကဗျာတအားကြိုက်တယ် ဒီဘလော့လေးကိုလဲကြိုက် မွန်အမြဲလာဖတ်ပါမယ်