Sunday, August 9, 2009

ချစ်သူနဲ့ကွေကွင်းရခြင်းအထိမ်းအမှတ်

မရှောင်မပုန်း
အပြုံးမပျက်
မုန်းရက်သူရယ်လို့
တေးမှတ်မထားပါ
တစ်နေ့မှ မေ့မရတဲ့အကြောင်း
အပ်ကြောင်းလည်း မထပ်ချင်ပါ
စိတ်မနာပါဘူးချစ်သူ
လိပ်ပြာသန့်စွာနဲ့
ပြန်လာပါ...။

သူငယ်ချင်းတစ်ယောက်၏ ခံစားမှုလေးပါ...။

20 comments:

မျက်မှန်လေး said...

မတွေ့တာကြာပေါ့။
ဘယ်တွေပျောက်။

ဝက်ဝံလေး said...

လန့်သွားတာပဲ ကိုပြည့်စုံရယ် ခေါင်းစဉ်ဖတ်ပြီးတော့ ကွေများ ကွေကွင်းသွားပြီလား လို့ အမလေး စိတ်ပူလိုက်တာ တော်ပါသေးရဲ့ နောက်မှ သူငယ်ချင်းရဲ့ ခံစားချက် ဖြစ်နေလို့ ဟူးးးးးးးးးးးးးးးးးး
အဲလိုပဲ ညီမက လေ ချစ်တဲ့သူတွေကို မကွေကွင်းစေချင်ဘူး ပေါင်းဆုံစေချင်လို့ အဟဲ
ဝုတ်တယ် မမမှန်လေးပြောတာ ထောက်ခံတယ် မတွေ့တာကြာနေတယ် ဘယ်ပျောက်နေတုံး ပြော ဟွန်းးး နော် လူဇိုးကြီး ဘာတွေလုပ်နေလဲ ဟဲဟဲ လာပေါသွားတယ်သိလား ဘိုင် ပျံပြီ ဖလပ်ဖလပ်

မမသီရိ said...

ခေါင်းစဉ်က
အချစ်ပျောက်ကြော်ငြာ
ခွင့်လွှတ်ပါတယ်
ရောက်ရာအရပ်ကအမြန်ပြန်လာပါ ဖြစ်ရမှာ

ကဗျာလေး လှတယ်မောင်လေး
ဖတ်မိသူလေးကတော့ အမြန်ဆုံးပြန်လာမှာအသေအချာ

ဂျေဂျူဝိုင် said...

နည်းနည်းလေး လွန်ရာကျမလား။
ကဗျာ စတိုင်ကို သဘောသိပ်မကျဘူးဗျ။

အနော် said...

ကိုပြည့်စုံကြီးရေ
ချစ်သူနဲ့ ကွေကွင်းရခြင်း အထိမ်းအမှတ်ကတော့ ပြောမယုံ ကြုံဖူးမှ သိ ဆိုသလိုပါပဲ :(
ကဗျာလေးနဲ့အတူ လာရောက် ခံစားတွားဒယ် ဟင်းးးးးးးးးးးးးးးးးးးးးး :(

ပြည့်စုံလေး

ahphyulay said...

ဘယ်အချိန်ဖတ်ဖတ်ကောင်းနေတော့ တာပဲဗျို့ 
ကောင်းလွန်းလို့ နာမည်လေးပြောင်းချင်တယ်
ကောင်းပြည့် စုံလို့ လေ။ ဟဲ..ဟဲ.. နောက်တာနော
မတွေ့ တာလဲကြာပြီဗျို့ ....။

မေလေး said...

ပြည့်စုံ
နင်ဘာတွေဖြစ်နေလဲ။ နာ့လဲမအားတာနဲ့ နင်နဲ့မတွေ့ဖြစ်တာ

သုခုမလေဒီ said...

ရောက်ပါတယ်။ သူငယ်ချင်းရဲ့ ခံစားချက်လေး ၀င်ရောက်
ခံစားသွားတယ်နော်။ အဆင်ပြေပျော်ရွှင်ပါစေ။ ကဗျာတွေဆက်ရေးပါအုံး။

ahphyulay said...

ဝေါသားလေးရေ.. ပေါ့ ပေါ့ လေးတွေဝင်ဖတ်ထပ်ဖတ်
ဖြစ်တယ်နော်.. အကိုအသစ်တင်လိုက်မိပြန်ပြီ။
အားရင်လှည့် ခဲ့ ပါအုံးလို့ ......။

Anonymous said...

ကဗျာကြိုက်လွန်းသူ ညီမအတွက်ကတော့
စာရေးသူကို ချီးကျူးရပါကြောင်း။ :)
စိတ်မနာပါဘူး ချစ်သူ...လိပ်ပြာသန့် စွာ
နဲ့ ပြန်လာပါဆိုတာနဲ့ တင်စာရေးသူရဲ့
ရင်တွင်းမှနက်ရှိုင်းလွန်းတဲ့ချစ်ခြင်းကို
ခံစားရပါကြောင်း။။
ခင်မင်စွာဖြင့်.....ခင်မာလာအောင်..:)

ဇင် said...

ဇင် အရမ်းကြိုက်သွားပြီ ဒီကဗျာလေးကို ခံစားချက်ချင်းတူနေတယ်နော် ကို ပြည့်စုံ........

မိုးခါး said...

ပြန်လာပါစေ
သူငယ်ချင်းအတွက် ဆုတောင်းပေးသွားတယ်နော် ..း)

မေတ္တာကမ္ဘာ said...

ဝေါသားလေး ကဗျာတွေက အရမ်းကောင်းပါတယ် ကျွန်တော်က ကဗျာတော့
ကြိုက်တယ်...မရေးတတ်ဘူးဗျ...သူများရေးထား
တာတွေပဲ လိုက်ဖတ်နေတာ...ကျွန်တော်ဆီ
လာလည်တဲ့ အတွက်ကျေးဇူးတင်ပါတယ်...
ဝေါသားလေး မေးသွားတဲ့  windows
password ကျော်နည်းတင်ရေးတင်ထားပါတယ်
အဆင်ပြေလိမ့် မယ်လို့ မျှော်လင့်ပါတယ်...

Unknown said...

ဒါရေးထားတာခံစားချက်နဲ့ ရေးထားတာလားဝမ်းနည်းစရာပဲဗျာ

WWKM said...

မရှောင်မပုန်း
အပြုံးမပျက်
မုန်းရက်သူရယ်လို့
တေးမှတ်မထားပါ
တစ်နေ့မှ မေ့မရတဲ့အကြောင်း
အပ်ကြောင်းလည်း မထပ်ချင်ပါ
စိတ်မနာပါဘူးချစ်သူ
လိပ်ပြာသန့်စွာနဲ့
ပြန်လာပါ...။

ရိုးရိုးရှင်းရှင်းလေးနဲ့ ကဗျာလေးတကယ်ကောင်းပါ၏။း)

ycowa(bangkok) said...

ကိုဝေါရဲ့ ကဗျာတွေက ဖတ်လိုအရမ်းကောင်းတာပဲဗျာ
ခံစားမိစေတယ် နောက်လည်လာဖတ်ပါအုံးမယ်နော်

ကိုရင်ထဲက ဝေဒနာ
မျှဝေခံစား တွေးငိုင်မိတော့
သိရှိနားလည်း လွမ်းကာလွမ်းတယ်
ဟိုအရင်တုန်းက
........... ရယ်
ကဗျာဆိုတာ ကမာကောင်းလေးတွေရဲ့ နှလုံးသားက ပေါက်ဖွားလာတဲ့ ပုလဲလုံးကလေးတွေလိုပါပဲလာနော်

ခရေညို said...

လာလည်သွားပါတယ်
စာတွေအားလုံးလဲဖတ်သွားပါတယ်

မိုးစက်ပွင့်လေး said...

ကဗျာလေးတွေ အရမ်းကောင်းတယ်..

may16 said...

ကဗျာလေးလာခံစားပါတယ်... အိမ်အသစ်နော် ပြီးတော့ ကဗျာတွေပဲတွေ့တယ် အရင်ပို့စ်တွေရော ကိုဝေါသားလေး

ချစ်ဝါ said...

အဲ့ဒီမင်းသူငယ်ချင်းလေးကံကောင်းပါစေ...
မြန်မြန်နီးပါစေနော်....
ဆုတောင်းပေးမယ်...း)