Monday, July 13, 2009

သေချာရဲ့လား

ကဗျာတစ်ပုဒ်
ရင်မှာဆုပ်လို့
စာသင်ကျောင်းထဲ
ဝင်လာသူဟာ
ကျနော်မျောက်မင်း
_ _ _ ပါ…။

အဲဒီနေ့က
" ဒီတစ်နှစ်တော့
မအောင်နိုင်ဘူး
နောင်နှစ်ဖြေဖို့
အားပြန်မွေးတဲ့ "
နဝေတိမ်တောင်
ကြောင်တောင်တောင်နဲ့
ဆရာမစကား
နာခံလိုက်တယ်
အဲဒီတုန်းက
ကျနော့်ရင်မှာ
ဝမ်းနည်းမိုးတွေ
ရွာလို့ပေါ့….။


၂၀၀၀ ခုနှစ် ၁၀တန်းကျောင်းသားဘ၀ အမှတ်တရ…။

နေနေ(နို့ဖိုးစခန်း)

16 comments:

မေလေး said...

သယ်ရင်း
ငါအရင်ဆုံးပြေးလာတယ်နော်။
မသေချာတာတွေ များလွန်းတဲ့ ဘဝကြီးမှာ ငါတို့ အသက်ရှင်နေရတယ်ဟယ်။

မိုးခါး said...

ဒုတိယပေါ့ :D
10 တန်းတုန်းက ဘယ်လိုပါလိ့မ်လို့ ပြန်တွေးမိသွားတယ် ..း)

naychi said...

ဟိဟိ
ဒီတစ်နှစ်တော့
မအောင်နိုင်ဘူး
နောင်နှစ်ဖြေဖို့
အားပြန်မွေးတဲ့
ကောင်းလိုက်တဲ့ အားပေးစကားးးးး)

နို့ဖိုးစခန်းဆိုတာ ဘာလဲသိဘူး

ahphyulay said...

လာလည်တာကျေးဇူးပဲဗျို့ ....
တနေ့ တစ်လံ ပန်းကန်ဘယ်ရွေ့ မလဲဆိုသလို
ပုဂံကရပ်နေတာဆိုတော့ မြန်မြန်ရောက်ချင်ယင်
ကိုယ်ကနှစ်လံလောက်သွားရုံပဲမဟုတ်လား
တနေ့ နေ့ တော့ ရောက်လာမှာပါ
ကျွန်တော်ကနှစ်လံ ၂နှစ်နဲ့  အောင်တယ်

ahphyulay said...

ကျွန်တော် ရေးလိုက်တိုင်း မရယ်ရလို့ ဒီတစ်ခါ
မရယ်ရဘဲ စိတ်ပျက်စရာကောင်းတဲ့ ပို(စ)
တစ်ခုတင်ဘို့ လုပ်နေတယ် အားပေးပါအုံး

အဆိပ်ခွက် said...

အဟက် မျောက်မင်းတဲ့ .....

ခင်မင်လျှက်
အဆိပ်ခွက်

မျက်မှန်လေး said...

လင့်ခ်လေးယူခွင့်ပြုပါနော်

ဂျပန်ကောင်လေး said...

အင်း..အဲဒီတုန်းကတော့ ဘာကဗျာမှလည်းမရေးတတ်တော့ အခုလို ကျန်မနေဘူး..း)

khin oo may said...

ဆက်လက်ဖတ်ရှူရန်ကိုမကြိုက်ဘူး
တစ်ခါထည်းဖတ်ချင်တယ်
စီပုံးမရီတာ မကြိုက်ဘူး
နှူဆ်ဆက်ချင်တယ။် ကွန်မက်မှ ward verifcaation ရှိတာ မကြိုက်ဘးး အချိုန်ကုန်လက်ညောင်းမျက်စြိောင်းတယ်။

မေသစ္စာမောင် said...

သေချာရဲ့လား ဆိုတော့ သေချာပါတယ်ပေါ့နော် :P

ဘာမှ မသေချာတဲ့ ဘ၀မှာ သေချာတာကတော့
ဒီဘလော့ဂ်လေးမှာ ကဗျာတွေ အမြဲလာဖတ်ဖြစ်နေဦးမယ်ဆိုတာပါပဲး)

chocothazin said...

ဆရာမရဲ့အားပေးစကားကကောင်းလိုက်တာနော်။
ဟုတ်တယ် မိုးခါးကိုထောက်ခံတယ်။
ဆယ်တန်းတုန်းက ငါလည်း ဘယ်လိုလဲလို့ ပြန်တွေးမိသွားတယ်။

အခုမှရောက်လာတာပါ။ နောက်လည်းလာလည်ပါဦးမယ်။

သားကြီး said...

မျောက်မင်းဆိုတော့ တရုတ်ကားထဲက
စွင်းဝုခုန်းလား? ဟဟ
နောက်တာပါဗျာ
ရောက်တယ်ဗျိုးးးးးး
ဆီဗုံးလည်းမရှိဘူး

Anonymous said...

ပထမအကြိမ်မရရင်
ဒုတိယအကြိမ်တော့
ကြိုးစားခွင့်ရှိပါတယ်
မောင်လေးရယ်။

Anonymous said...

အဲ့ဒီတုန်းက မင်းကိုပြောတာ မင်းချစ်တဲ့ ဒေါ်သီတာလား မင်းတို့အမြင်ကတ်နေတဲ့ ပူတူးမုန့်လား
ပူတူးမုန့်ပဲဖြစ်မှာပါ ..ဒေါ်သီတာက ဘယ်ပြောမလဲနော
အချစ်ဆုံးကြီးကိုးကွ ...ဟတ်ဟတ်

ကာရံဆူး said...

ကဗျာတွေကို ရင်နှင့် ခံစားသွားပါသည်....

ကာရံဆူး said...

ကိုဝေါသားရေ...ပျောက်တာကြာပေါ့..ရောက်ကြောင်းလာပြောပါသည်...ပျော်ရွှင်ပါစေနော်..