Wednesday, September 9, 2009

အဖြူရောင် အပိုင်းအစ

အလင်းတွေ ပိုပြီးတောက်ပ
ငါ အမှောင်နက်နက်ထဲ နစ်ဝင်နေဆဲ
ငါ့ရဲ့ ရင်ခုန်သံတွေ
အသည်းကွဲခြင်းရဲ့ အလှတရားကို ဖော်ကျူး…။

အလင်းနဲ့ အမှောင်
အသံနဲ့ တိတ်ဆိတ်မှု
ညီညွတ်စွာ ပျောက်ဆုံး
အလိုပြည့်ခြင်းမရှိတဲ့
ပုထုဇဉ် ' ငါ ' ပစ္စုပ္ပန်ထဲ
ငါ့ရဲ့အနာဂတ် ငရဲခန်းဖြစ်တော့မယ်….။

ငါ့ကိုယ်ငါ မမြင်တဲ့ငါ
ငါ့ကိုယ်ငါ ပြန်ရှာ
ငါ့ကိုယ်ငါ မြင်တွေ့နိုင်ဖို့
ပစ္စုပ္ပန်ထဲက ထွက်ပြေးမိခဲ့
ဒါဝင်ရေ…
ငါသိချင်မိရဲ့ ' မျောက် ' ဘယ်ကနေ ဆင်းသက်လာသလဲ….။

ပြည့်စုံ (ဝေါသားလေး)

29 comments:

မမသီရိ said...

အလင်းနဲ့ အမှောင်
အသံနဲ့ တိတ်ဆိတ်မှု
ညီညွတ်စွာ ပျောက်ဆုံး
အလိုပြည့်ခြင်းမရှိတဲ့
ပုထုဇဉ် ' ငါ ' ပစ္စုပ္ပန်ထဲ
အလွမ်းတွေ ကလဲ
ခဏခဏ ကြွေ ကြွေ ကျ
ရင်နာရတာကလဲ မကြာမကြာ

ချစ်သူကို လွမ်းနေရတဲ့ ငရဲ ခန်းကတော့
တပ်မက် ချင်စဖွယ်ပါ မောင်လေး ရေ

မမသီရိ said...

ငါသိချင်မိရဲ့ မျောက်ဘယ်ကနေ ဆင်းသက်လာသလဲ…

စာလုံးပေါင်းလေး ပြင်လိုက်အုံး နော်
ကဗျာ အရ သာ ပျက် သွား မယ်

မိုးစက်ပွင့်လေး said...

မျောက်ဘယ်ကနေဆင်းသက်လာတာလဲ..မိုးစက်လဲ သိချင်နေတယ်..

kiki said...

ပစ္စုပ္ပန်ထဲက ထွက်ပြေးမိခဲ့
ဒါဝင်ရေ…
ငါသိချင်မိရဲ့ မျောက်ဘဲကနေ ဆင်းသက်လာသလဲ….။
......
အယ် ... မျောက် နဲ့  ဘဲ နဲ့  ဘာတွေ ဖြစ်ခဲ့ ကြဖူးတာလဲ ..
ဒါဝင် ပြီး မေးရင် ဟိုဟာ ထွက် နေပါ့မယ် ....

စ တာပါ ...
မျောက်က သူ့ အမေဆီက ဆင်းပြီး နောက်တပင်ပေါ် တက်သွား တာ တွေ့ လိုက်တယ် ကိုဝေါသားရေ...

အလင်းထဲက အမှောင်တွေ ရှာကြည့်တာပါ .
ချမ်းမြေ့ပါစေ နော်

maylay said...

အလင်းနဲ့အမှောင်
အသံနဲ့ တိတ်ဆိတ်မှု
ညီညွတ်စွာပျောက်ဆုံး
အလိုပြည့်ခြင်း မရှိတဲ့
ပုထုဇဉ် ငါ ။

ဖတ်ရတာတောင် လွမ်းသွားတယ် ရေးထားတာ မြင်နေရတယ်။ ရေးသူရဲ့ရင်ထဲက ငရဲခန်းကို။

rose of sharon said...

အလွမ်းကိုတော့ မျှဝေခံစားသွားတယ်... ဒါဝင်ရဲ့ အယူအဆကိုတော့ လက်မခံလို့ ဘာမှမပြောတော့ပါဘူး

Yu Ya said...

ကိုပြည့်စုံရေ..ကျွန်တော်သိသလောက်ပြောရရင် မျောက်မှာ (၂)မျိုးရှိတယ်ဗျ (Old World Monkey) နဲ့ (New World Monkey) ဆိုပြီးတော့။

အဲဒီမှာ (Old World Monkey) ကတော့ Apes တွေနဲ့ နီးစပ်ပြီး (New World Monkey) တွေကတော့ ရှင်းရှင်းလင်းလင်းပြောလို့ရတဲ့ မျိုးအုပ်စုကမဟုတ်လို့ (ဆိုလိုတာက သူတို့ဟာ မျိုးနွယ်တစ်ခုထဲက အစဉ်အဆက် ဆင်းသက်လာတာမဟုတ်ဘူးဆိုတာပါ)သူတို့ကို Paraphyletic တွေလို့ သိပံ္ပပညာရှင်တွေက ပြောကြပါတယ်။ သူတို့ဟာ နို့တိုက်သတ္တ၀ါ Primate တွေရဲ့ မိသားစု ၅ မျိုးအဖြစ်ရှိကြတယ်ဗျ - Callitrichidae, Cebidae, Aotidae, Pitheciidae, and Atelidae ဆိုပြီးတော့လေ။

ဒါကြောင့် ဒါဝင်လည်း မျောက်ဘယ်က ဆင်းသက်တယ်ဆိုတာ မသိနိုင်ပါဘူးဗျာ။ ဒါကြောင့် ကိုပြည့်စုံလည်း မျောက်ဘယ်ကဆင်းသက်လာတယ် ဆိုတာနဲ့ ပက်သက်ပြီး Research တွေ ဘာတွေ လုပ်ဖို့ အစီအစဉ်ရှိရင်လည်း မေ့လိုက်ပါဗျာ..အဟီး။

yu ya

Chitpalonelay said...

ငါ့ကိုယ်ငါ မမြင်တဲ့ငါ
ငါ့ကိုယ်ငါ ပြန်ရှာ
ငါ့ကိုယ်ငါ မြင်တွေ့နိုင်ဖို့
ပစ္စုပ္ပန်ထဲက ထွက်ပြေးမိခဲ့
ဒါဝင်ရေ…
ငါသိချင်မိရဲ့ မျောက်ဘဲကနေ ဆင်းသက်လာသလဲ….။
ဒါဝင် အခုဖြေမအားဘူးပြောတယ်။ ပါးလုံးပဲဖြေလိုက်တော့မယ်နော်။
မျောက်သူ့အမေ ဗိုက်ထဲကနေ ဆင်းလာတာလေ။ အဟိ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

Unknown said...

မမသီရိရေ...
ကျေးဇူးပါ ပြန်ပြင်လိုက်ပါပြီ...
အလွမ်းတွေက ငရဲခန်းလိုဖြစ်နေတာကို....
မိုးစက်ပွင့်လေးရေ...
မျောက်ဘယ်ကနေဆင်းသက်လာသလဲဆိုတာ ကိုယုယ ရှင်းပြထားတယ်... :) :) :)
ဒါဝင်ရဲ့ evolution theory အရတော့ လူကမျောက်ကနေဆင်းသက်လာတယ်ပြောတာပဲ ဒါကြောင့် ကျနော်က မျောက်ပြန်မဖြစ်ချင်တော့ဘူး မျောက်အဆင့်ဖြစ်ခဲ့တဲ့ အဆင့်ကိုပြန်ရောက်ချင်တာ... :) :) :) လမိုက်ည သူမရှိတော့တဲ့ ဘ၀... :) :) :)
အလွမ်းတွေက အလွမ်းတွေကို ပြန်လွမ်းလို့...

အမ kiki ရေ... ရှာဖွေနေတုန်းပဲ... လှုပ်လေမြုပ်နေဖြစ်နေလို့လေ...
အမ rose of sharon ရေ...ဒါဝင်ကပြောခဲ့လို့ လူကမျောက်ကနေဆင်းသက်လာတာဆိုလို့လေ. ဒါကြောင့်ကျနော်လည်း မျောက်ဘယ်ကနေဆင်းသက်လာသလဲဆိုတာ
သူ့ကိုမေးကြည့်ချင်တာ..
သေချာတာ တစ်ခုက ပစ္စုပ္ပန်ထဲကနေ ထွက်ပြေးချင်နေမိတယ်...

maylay ရေ ရင်ထဲက ငရဲခန်းကိုမြင်နေရတယ်ပေါ့လေ...

ကိုယုယရေ..
အသေးစိတ်ရှင်းပြပေးလို့ ကျေးဇူးနော်...

ပါးလုံးပြောမှ ပိုရှင်းသွားသလိုပဲ :) :) :)

သူငယ်ချင်းမောင်နှမအားလုံးကို အထူးကျေးဇူးပါ....
ပြည့်စုံ (ဝေါသားလေး)

သီဟသစ် said...

လွမ်စရာ ကဗျာလေးကို လာဖတ်သွားပါတယ်ဗျာ

သြော်ဒါဝင် ဒါဝင် အချစ်က ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတာ ပြောမသွားဘူး
:D

ဝက်ဝံလေး said...

အယ် ဒွက်ခ မျောက် ဘယ်ကနေဆင်းသက်လာတာလဲတဲ့ ဟွင့် နိုချင်တယ် ဘယ်သိမှာလဲလို့ သွားမေးပါလား ဒါဝင်ကို ဟွန်းးးး ကဗျာဆရာနော် ရုတ်ရုတ်မလုပ်နဲ့ အေးအေးဆေးဆေး နေ နော် နာ့ကို ခေါင်းစားအောင်မလုပ်နဲ့ နာ တဂ်ထည့်လိုက်မယ် ဘာမှတ်တုံး ဟွင်းးးးးးးး

Anonymous said...

မျောက်ဘယ်က ဆင်းတာထက်
ကဗျာဆရာကို ပြန်မေးရမယ်
ဘာကြောင့် ဒီလောက် ချစ်တတ်နေရတာလဲလို့ :P

Anonymous said...

အလင်းတွေ ပိုပြီးတောက်ပ
ငါ အမှောင်နက်နက်ထဲ နစ်ဝင်နေဆဲ
ငါ့ရဲ့ ရင်ခုန်သံတွေ
အသည်းကွဲခြင်းရဲ့ အလှတရားကို ဖော်ကျူး…။

ကဗျာလေးက ကောင်းတယ်ဗျာ .......

ခရေညို said...

ဝေါသားလေး ဝေဝေဝါဝါ မလုပ်နဲ့နော်
အဖြူရောင်အပိုင်အစ ပြီးရင်
အနက်ရောင်အပိုင်အစလေးလုပ်ပါအုန်း

ahphyulay said...

ဝေါသားလေး.. မတွေ့ တာကြာဆိုလို့ လှည့် ဝင်လာ
ဖြစ်တယ်။လွမ်းကောင်းနေတုံးပါလားလို့ ၊အေးလေ
လူဆိုတာ၊ချစ်စရာများရှိခဲ့ ရင် တဂျစ်ဂျစ်နဲ့ ချစ်လို့ ကို
မပြီးနိုင်တော့ သလို.. လွမ်းစရာများရှိခဲ့ ရင်လဲ သတိ
ရတိုင်းတမြေ့ မြေ့ နဲ့ လွမ်းနေတတ်တာပါ၊အသက်ရှု
လိုက်တိုင်း သတိရနေတယ်တယ့် ၊ကျွန်တော်တော့် 
ဝေါသားလေးလိုပဲ သတိရလို့  လွမ်းစရာလေးတစ်ပုဒ်
တင်ထားမိပါတယ်။ အားလို့ သတိရရင်လှည့် ဝင်ခဲ့ 
ပါအုံးလို့ ။

လင်းဦး(စိတ်ပညာ) said...

ကဗျာလေးကို သဘောကျသဗျာ

Lucifer said...

ကဗျာတိုတိုလေးက အဓိပါယ် ပြည့်စုံနေတယ်နော်..
တော်တော်ရေးတတ်တယ်

Anonymous said...

နားမလည်ဖူး ဖတ်သွားတယ်သိလား
ခေတ်မမှီဆိုးလို့ ဝေါးသားလေးရေ.........

း)

subuueain said...

လာဖတ်သွားပါတယ်။ မျောက်ဘယ်က ဆင်းသက်လာလဲဆိုတော့...:)

Beauty Studio USA Branded Store said...

ကိုပြည့်စုံရဲ့ ထင်မြင်ချက်လေးကို သဘောကျတယ်ဗျ။ပျော်ရွှင်ပါစေ အကိုရေ။

subuueain said...

မင်္ဂလာပါနော်။ အားပေးနေပါတယ် :))

မေသစ္စာမောင် said...

ကဗျာလေးလာဖတ်သွားပါတယ် ကိုပြည့်စုံရေ။

မေလေး said...

ကဗျာလေးလာဖတ်ပါတယ်။
အချစ်ဆိုတာ မယုံလို့ ဘာမှမပြောတော့ဘူးနော်။

ကာရံဆူး said...

ကိုဝေါသားရေ...အပီအော်မလို့ စီပုံးလိုက်ရှာတာ မတွေ့ ဘူး...ကဗျာလေးတွေ ဖတ်လို့ ကောင်းတယ်..မိမိရရရေးထားတာ..အားကျသွားတယ်နော်..

သုခုမလေဒီ said...

ပြည့်စုံရေ.. ထွက်ပေါက်တော့ရှာဖွေဆဲပါ။
ဒါပေမယ့် စီဗုံးမတွေ့ လို့ အခက်ကြုံသွားတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
အသစ်လည်းတင်ပါအုံး

ဒဏ္ဍာရီ said...

ကဗျာတွေ ခံစားသွားတယ်။

အဖြူရောင်နတ်သမီး said...

ဒါလေးများ...
မျောက်ပါဆိုမှ...
သစ်ပင်ပေါ်ကနေဆင်းလာမှာပေါ့...
း)...
ကိုယ်တိုင်ရေးပြီး..ကိုယ့်ကိုယ်ကိုပြန် ရီသွားပါတယ်...

အဆင်ပြေပါစေ..

Anonymous said...

အစ်ကိုပြည့်စုံရေ။။။မရောက်တာလည်းကြာခဲ့
လို့ ရောက်ပြန်တော့လည်း ဖတ်ဖတ်ခြင်းကဗျာက
လွမ်းဖွယ်။။ကျန်တဲ့အပုဒ်တွေ ဖတ်ကြည့်ပြီးတော့
မှတော်တော်လေးနားလည်သွားတော့တယ်။
ဘာပဲပြောပြော...ကဗျာလေးကိုတော်တော်
သဘောကျတယ်။ :)
ပျော်ရွှင်အေးချမ်းပါစေ...အစ်ကို။
....ခင်မင်လျှက်...ခင်မာလာအောင်...:)

SHWE ZIN U said...

ကဗျာလေး လာဖတ်သွားတယ်