Sunday, June 28, 2009

အချစ်မဲ့ ရလဒ်

မင်းပေးခဲ့တဲ့ အိပ်မက်တွေထဲ လွင့်မျောမိခဲ့
မျှော်လင့်ခဲ့တာ အိပ်မက်တွေလား
ချစ်ခဲ့မိလို့ မိုက်မဲတယ်ဆိုရင်တောင် ကျေနပ်ပါတယ်
နာကျင်အောင် ရက်စက်လည်း ကိုမငြင်းပါဘူး
ပတ်သတ်ခဲ့သမျှအရာရာဟာ မင်းလက်ထဲမှာပါ…။

အသက်ရှုလိုက်တိုင်း သတိရ
မျက်စိထဲကလည်း မေ့မပျောက်နိုင်
ဦးနှောက်ထဲကလည်း ထုတ်မပစ်နိုင်
အတွေးထဲမှာတောင် မဝေးရဲခဲ့
အရူးတစ်ယောက်လိုပဲ…
ညာနေမှန်းသိလျှက် သာယာခဲ့မိ
မထူးခြားခဲ့ပေမယ့်လည်း ကိုတောင်းတခဲ့တယ်…

ကိုယ်ယုံလိုက်ပါပြီ……
မချစ်မိလို့ သေတဲ့လူမရှိ
ချစ်မိလို့ ရင်ကွဲရတဲ့သူပဲ ရှိတယ်ဆိုတာ….။


ဝေါသားလေး

17 comments:

မေသစ္စာမောင် said...

မချစ်မိလို့ သေတဲ့လူမရှိ
ချစ်မိလို့ ရင်ကွဲရတဲ့သူတွေလဲ မရှိကြပါစေနဲ့တော့လို့....

khin oo may said...

right

su wai said...

ဘ၀မှာ အိပ်မက်လှလှလေးတစ်ခု ပိုင်ဆိုင်ခဲ့ရတဲ့အတွက် ကျေနပ်ရမှာပေါ့...အဲဒီလိုပဲ တွေးလိုက်နော်...

ဂျစ် said...

အော်...အချစ်...အချစ်...
ဂျစ်လဲ သိပ်ချစ်တတ်လို့ ရင်ကွဲလုမတတ်ပါပဲ......

ချစ်တဲ့သူတိုင်း လှပတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ
လို့ ဆန္ဒပြုပါတယ် ။

ကဗျာလေးက သိပ်ကောင်းတယ်ဗျာ....
အမြဲအားပေးနေပါတယ်......။


လေးစားစွာဖြင့်
ညီမဂျစ်

မမသီရိ said...

တကယ်ဆို ချစ်စရာရှိနေတာကို
ကျေနပ်နေရမှာ မောင်လေး..ရ
တချို့တွေ များ.. ချစ်စရာ ကို မရှိတာနော်..

zweminhtun said...

ချစ်တာအပြစ်မဟုတ်ပါဘူးကွာချစ်မြဲမချစ်တတ်တာ
ရယ်ချစ်သူအဟောင်းကိုပဲနှလုံးသားအသစ်နဲ့ပြန်မချစ်
တတ်တာကွ..အင်း မချစ်မနှစ်သက်သူနဲ့ဝေးကွာပြီး ချစ်ခင်နှစ်သက်သူနဲ့ပေါင်းဖက်ရပါစေကွာ

မေလေး said...

ဘဝတူမို့ ကိုယ်ချင်းစာမိပါတယ် သူငယ်ချင်း။
အိပ်မက်ကအမြန်ဆုံးနိုးထပါတော့သူငယ်ချင်းရယ်။
ခင်တဲ့
မေလေး

panmyozone said...

မင်းကဗျာက မော်ဒန်လဲမဟုတ်ဘူး။ ကာရံမဲ့လဲ မဟုတ်ဘူး။ လေးလုံးစပ်လဲ မဟုတ်ဘူး။ ဘာလို့ ဆိုရမှန်းတောင်မသိအောင် ဇတ်ပျက်နေတယ်ကွာ။

အဲ့ဒီလို ဇတ်ပျက်တာကိုက ကဗျာအစစ်လား?
------------------------------
အချစ်ကြောင့် ပျော်ကြ၊ ရွှင်ကြ၊ ငိုကြ၊ ရယ်ကြ၊ ကြေကွဲနဲ့ ခံစားချက်တခုတည်းကို မပေးဘူး၊ ဘာကောင်းလို့လဲကွာ။

Unknown said...

panmyozone ခင်ဗျာ....
အခုလို ဝေဖန်အကြံပေးတာကို ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ဘလော့ဘ်ကို စဖတ်တော့ ဘလော့ဘ် ခေါင်းစီးနဲ့ မိတ်ဆက်ရယ်ဆိုတာကို မဖတ်ကြည့်မိဘူးထင်တယ်နော်... နောက်တစ်ခါလာရင် အဲဒါလေးကို ဖတ်ကြည့်စေချင်တယ်....

လေးစားစွာဖြင့်

ပြည့်စုံ (ဝေါသားလေး)

Zwe said...

ပျောက်နေတာမဟုတ်ဘူး ကိုပြည့်စုံရေ
အလုပ်ရှုပ်နေလို့ဗျာ
အဲ့ဒါကြောင့်မလုပ်ဖြစ်တာ
လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဇွဲလေး

ကြည်ဖြူပိုင် said...

ဝေါသားလေးရေ..ကဗျာလေးတွေအရေးကောင်းပါ့။ စာရေးထားတဲ့နောက်ခံဘက်ဂရောင်းလေးကလဲကောင်းပါ့။ ဘလော့ဂ်ကောင်းတစ်ခုကိုရောက်ခဲ့ပြီကွ

Anonymous said...

ချစ်မိလို့ ပူဆွေးရပေမယ့်
အဲဒီပူဆွေးမှုကိုပဲ
ထပ်တလဲလဲ တောင်းဆိုနေမိတယ်။
ဘ၀တခုနဲ့ အိမ်မက်လှလှလေးကို
မရောင်ရဲ့ မောင်လေး ပိုင်ဆိုင်နိုင်ပါစေ။

ခင်တဲ့
မရောင်

မိုးခါး said...

မချစ်မိလို့ သေတဲ့လူမရှိ
ချစ်မိလို့ ရင်ကွဲရတဲ့သူပဲ ရှိတယ်ဆိုတာ….။
အဲလိုဖြစ်မှာစိုးလို့ မချစ်မိအောင်နေနေပါ၏ :D

လသာည said...

သြော် ဟော်ဟော် :D ။ ဝေါသားလေးနဲ့ ကိုပြည့်စုံက နှစ်ကိုယ်ခွဲပါလား။ လူတစ်ကိုယ် ရသနှစ်မျိုး ခွဲရေးနိုင်တာ တော်တာပေါ့။
ကဗျာလေးတွေကို လာရောက်ဖတ်ရှုသွားပါတယ်။ အောင်မြင်ပါစေ သူငယ်ချင်း

စည်သူ said...

ကိုယ်ယုံလိုက်ပါပြီ……
မချစ်မိလို့ သေတဲ့လူမရှိ
ချစ်မိလို့ ရင်ကွဲရတဲ့သူပဲ ရှိတယ်ဆိုတာ….။

မှန်တယ် ကိုဝေါသားရေ...

အဖြူရောင်နတ်သမီး said...
This comment has been removed by the author.
အဖြူရောင်နတ်သမီး said...

ဟော..တွေ့ပြီ...“ကိုပြည့်စုံ”...
အဲ...မှားလို့....“ဝေါသားလေး”.....
မျက်လှည့်ပညာတတ်တယ်ပေါ့....
ဒီကဗျာလေးကိုကြိုက်တယ်...