Sunday, June 7, 2009

ကျေးတမာသို့ပေးစာ

အို...အသင်ကျေးတမာ
ဖယ်ခွာရှောင်ပုန်း
ဝေးရာသို့ပြေးခွာနေရော့သလား
အသွင်သစ်တွေဖန်
အမြင်သစ်တွေစံကာ
ဘယ်အသွင်ဖန်ဆင်း
ဘယ်အချင်းနဲ့များ ပျော်နေပါ့...။

အို...အသင်ကျေးတမာ
လွတ်လပ်မှုကိုဖွေရှာရင်း
အယောင်ဆောင်ကြင်နာမှုတွေကြား
ပျော်ရွှင်ပျံသန်းရင်း
ချုပ်နှောင်မိနေရော့သလား
မုန်တိုင်းထန်လို့
လေဆန်ကိုပျံသန်းတဲ့အခါ
တောင်ပံညောင်းလို့
အစာတောင်းလာတဲ့အခါ
ငါ့..သစ်ပင်အိုကြီးကို သတိရပါ...။

အို...အသင်ကျေးတမာ
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိခဲ့မယ်ဆိုရင်
ကေသရာဇာခြင်္သေ့လို
ရဲရင့်သူတို့နှလုံးသားပိုင်ဆိုင်တဲ့ ..ငါ့ကို
နောင်တမျက်ရည်နဲ့
မပူဇော်ပါနဲ့လေ...။ ။

Anonymous

12 comments:

ဂျပန်ကောင်လေး said...

ကျေးတမာသို့ပေးစာလေးကို လာခိုးဖတ်သွားပါတယ်.. ဖတ်လို့ရပါတယ်နော်..း).. ကျေးတမာကိုပဲ ဖတ်ခိုင်းတာလားလို့.. ဟိဟိ

Unknown said...

မဟုတ်ရပါဘူးဗျာ.... ကဗျာလေးက
ကျနော့်သူငယ်ချင်းတယောက် သူ့ခံစားချက်လေးကို ပုံဖော်ထားတာပါ.... အားလုံးဖတ်ဖို့ပါဗျာ...

ကျေးဇူးပါ ဂျပန်ကောင်လေးရေ....

မွန် said...

ဒုတိယပိုယ်လေး ပိုကြိုက်တယ် ပေးစာကို ကျေးတမာလေးဖတ်မိပါစေ

မေသစ္စာမောင် said...

ကဗျာလေး လာဖတ်သွားပါတယ်...

မေလေး said...

တနယ်ထဲသားချင်း လာအားပေးတယ်နော်
ခင်တဲ့
မေလေး

နွေးနေခြည် said...

နောက်ဆုံးပိုဒ်ကြိုက်တယ်။
ကျေးတမာနဲ့ ပေဖူးလွှာကဏ္ဏကို သတိရသွားတယ်

zweminhtun said...

ပြည့်စုံရေငါကဗျာလာဖတ်သွားတယ်နော်

နွေးနွေးသဲမွန် said...

ကဗျာလာဖတ်ပါတယ် အကိုရေ...

Anonymous said...

ကျေးတမာရဲ့ ပေးစာလေးကို မျှဝေခံစားသွားပါတယ်။ မောင်လေးတို့ရဲ့ ဆန္ဒတွေ ပြည့်ဝပါစေ။

သုခုမလေဒီ said...

အလည်ရောက်ပါတယ်။ ကဗျာတွေအားလုံးကောင်းပါတယ်။ အဆင်ပြေပါစေ။
စီဗုံးထဲဝင်မရလို့ မန့် သွားပါတယ်။

မမသီရိ said...

မောင်လေး
ပျောက်နေတာ အကြာကြီးပဲ
စီဘောက်လဲ တွေ့ ဘူးနော်
အရာရာ အဆင်ပြေပါစေ ကွယ်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..ဝေါသားလေး ရေ..

ပထမဦးဆုံး ရောက်တာဖြစ်လို့ ကဗျာလေးတွေကို အားပါးတရ ခံစားလိုက်အုံးမယ်.. နောက်လဲလာပါအုံးမယ်..

ကျနော်ကလဲ ကဗျာလေးတွေကို အရမ်းကို နှစ်သက် ခုံမင်သူ တစ်ယောက်ပါ..