Friday, March 20, 2009

အသက်မဲ့ နေ့

ကျနော်လည်း ကဗျာနဲ့ဝေးနေခဲ့တာကြာပြီ… ဒါကြောင့် ကမ္ဘာ့ကဗျာနေ့အမှတ်တရအဖြစ် ဒီကဗျာလေးကို တင်လိုက်ခြင်းဖြစ်ပါတယ်..။ ဒီကဗျာဟာ… ၁၅.၃.၀၉ ည ၁း၄၅ နာရီမှာ ဘယ်တုန်းကမှ မခံစားဘူးတဲ့ ခံစားမှုတစ်ခုကို ပုံဖော်ထားတဲ့ ငုတ်တုတ်မိုးလင်းခဲ့တဲ့ည အမှတ်တရကဗျာလေးပါ…။

အသက်မဲ့ နေ့

ကဗျာ ....
ငါသူ့ကိုထိုင်စောင့်နေခဲ့
အချိန်တွေသာကုန်လွန်သွားတယ်
သူမလာခဲ့ဘူး….
အတွေးတွေ မှုန်ဝါး
ရည်ရွယ်ချက်တွေပျောက်
မျှော်လင့်ချက်တွေမဲ့.....

ငါ့ကိုငါတောင် မသိတော့
လိုချင်တာထက် လိုအပ်တာကိုဦးစားပေးရမှာလား
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရမှာလား……

ငါမခံနိုင်ဘူး….
ငါဘယ်လိုမျှော်လင့်ရမလဲ
ကြင်နာမှုတွေက
နာကျင်မှုတွေဖြစ်
ရိုးသားမှုတွေ အရောင်တွေပြောင်း
ဂတိသစ္စာတွေ ဖောက်ပြားတော့
နွယ်မြက်သစ်ပင်တွေတောင် ဆေးဖက်မ၀င်တော့ဘူး…။

ပြည့်စုံ

26 comments:

Mhu Darye said...

ရိုးရိုးလေးပါပဲ ဒါပေမယ့် ဝေခွဲမရ ဖြစ်နေတဲ့ စိတ်ကို မြင်သာပါတယ်။
အဆင်ပြေသွားမှာပါ။

မေမိုးမခ said...

ကြင်နာမှုတွေက
နာကျင်မှုတွေဖြစ်
ရိုးသားမှုတွေ အရောင်တွေပြောင်း
ဂတိသစ္စာတွေ ဖောက်ပြားတော့
နွယ်မြက်သစ်ပင်တွေတောင် ဆေးဖက်မ၀င်တော့ဘူး…
အရမ်းကိုကောင်းတဲ့ အဖွဲ့အနွဲ့လေးပါ
ဒါကဖြစ်တတ်တဲ့ လောကရဲ့ နိယာမလေးပါ။
ကဗျာဖတ်လို့ကောင်းပါ၏ အဆင်ပြေပါစေ။

သီဟသစ် said...

ဝေါသားလေးရေ

စာသားလေးတွေ ကောင်းလိုက်တာ
ခံစားသွားပါတယ်

မမသီရိ said...

မောင်လေးရေ..
မတ် ၁၅ က မမ မွေးနေ့
မောင်လေး က ဒီကဗျာလေး မတ် ၁၅ ည မှာ ထိုင်ရေးခဲ့တယ်ဆိုတော့
ဆိုင်ဆိုင် မဆိုင်ဆိုင် ပေးပေး မပေးပေး
လက်ဆောင်အဖြစ် ယူ သွားပြီ ကွ နော်..း)
ပြီးတော့ မောင်လေး Blog ကို အသစ်ရေးတိုင်း သိအောင်
မမ follow လုပ်သွားတယ်နော်
အစစ အရာရာ အဆင်ပြေပါစေ

khin oo may said...

အဆင်ပြေချမ်းမြေ့ပါစ

thu.myat1@gmail.com said...

အသက်မဲနေ့ ဆိုတဲ့ ကဗျာလေးကိုကြိုက်တယ်ဗျာ ကျနော်ကိုထိတယ် ဂွတ်တယ်ဝေါသားလေးရာ

WWKM said...

ကဗျာလေးတွေလာဖတ်သွားပါတယ်..
သန့်ရှင်းသပ်ယပ်တဲ့ ဘလော့ဂ်လေးတစ်ခုတွေ့ရလို့
ဝမ်းသာမိပါတယ်.. အလည်လာတာကျေးဇူးပါ.
အဆင်ပြေပါစေ.

မိုးခါး said...

အလည်ရောက်ပါတယ် .. ကဗျာလေးတွေ သဘောကျတယ် ..း)

Htoo Aung Lwin said...

လာလည်သွားပါတယ်နော်။ မင်္ဂလာနံနက်ခင်းပါခင်ဗျာ။

Anonymous said...

ကဗျာဆန်တဲ့စာမျက်နှာကို သဘောကျတယ်၊
ကဗျာရေးတဲ့ နှလုံးသားဟာ လောကကို လှပစေသူ ဖြစ်မှာ အမှန်ပဲ။

ဘာတွေတုန်း said...

လည်လည်ရောက်ပါတယ်ရှင်။ အဆင်ပြေချမ်းမြေ့ပါစေ

Anonymous said...

ကဗျာလေးကို ခံစားဖတ်ရူသွားပါတယ်။ ကဗျာကောင်းလေး တပုဒ်ပါပဲဗျာ။

Unknown said...

ကျနော့်ရဲ့ ခံစားမှုတစ်ခုကို ပုံဖော်ထားတဲ့ ကဗျာလေးကို ခံစားနားလည်ပေးခဲ့ကြသော မှူးဒါရီ၊ မေမိုးမခ၊ သီဟသစ်၊ မမသီရိ၊ ခင်ဦးမေ၊ thu.myat1,နန်းဝါ၀ါမောင်၊ မိုးခါး၊ ခရောင်းလမ်း၊ အပြုံးပန်း၊ ဘာတွေတုန်း၊ အိမ်... အားလုံးကို အထူးကျေးဇူးတင်ပါတယ်.... နောက်လည်းလာရောက် ခံစား ဖတ်ရှုပေးဖို့ ဖိတ်ခေါ်ပါတယ်...

ကျနော်လည်း ဒိထက်ပိုကောင်းအောင် ဆက်လက်ပြီး ကြိုးစားရေးစပ်သွားမှာပါ..။

ဝေါသားလေး (ပြည့်စုံ)

နွေးနွေးသဲမွန် said...

ကိုအာမထိ လျှာမထိသားလေး...
ကဗျာလေး ကြိုက်မိတယ်.. :-)

hninhaymar said...

ကဗျာကို ခံစားသွားတယ် အဆင်ပြေပါစေ

hninhaymar said...

ကဗျာကို ခံစားသွားတယ် အဆင်ပြေပါစေ

hninhaymar said...

အမ မအေးမွန် လာလည်သွားတယ်နော် အစစအရာရာအဆင်ပြေပါစေ

မေ့သမီး said...

ဝေါသားလေးနဲ့ ကိုပြည့်စုံက အတူတူပဲပေါ့။ ကဗျာလာဖတ်တယ်နော်။ အဆင်မပြေဘူးဖြစ်နေတယ်ပေါ့။ :P

အိုင်လွယ်ပန် said...

ကဗျာခံစားသွားတယ်ဗျ ...

ကောင်းသောနေ့ပါဗျာ :)

လင်းကြယ်ဖြူ said...

ွကောင်းပါတယ်ခင်ဗျာ
C-Box မတ္ဂေ့ပါလား

နိုင်ကို said...

ဝေါသားလေး က စီဘောက်မထားဘူးလားဗျ..:)

noye lay said...

အချစ်ဆိုတာ တားဆီးလို့မှာမရတာ
ချစ်မိပြီဆိုမှာတော့
အဲဒီအချစ်အတွက် တုံပြန်လာတဲ့
ဘယ်အရာကိုမဆို ကျေကျေနပ်နပ် လက်ခံနိုင်ရမယ်လေ
ဒါပေမယ့်
မိန်းကလေးဆိုဒါမျိုးက ချစ်ရမှာထက်
အချစ်ခံရတာကိုပိုကြိုက်ကြတယ်လေ
သူ့အပေါ်ကိုသာ အချစ်တွေကိုအပြည့်အဝ
ပေးနိုင်မယ်ဆိုရင် တစ်နေ့တော့
စစ်မှန်တဲ့အချစ်အတွက် စစ်မှန်တဲ့တုံပြန်မှုတော့
ရနိုင်မှာပါ
ကံကောင်းပါစေ

ရွှန်းမီ said...

ပုံလေးရော စာသားတွေရော မိုက်တယ်..
အဆင်ပြေပါစေ..

mgnge said...

ဝေါ သားဆို တော့လည်း နယ်သားပေါ့
အားပေးလျက်ပါဗျ.....။

ကဗျာတွေ လည်းခံစား သွား ပါ တယ်ဗျာ...။

လင်းကြယ်ဖြူ said...

ကောင်းပါတယ်ခင်ဗျာ။ဆက်လက်ခံစားရေးသားနိုင်ပါစေ။
C-Box လည်းမတ္ဂေ့ပါလား။
ပျော်ပါစေ။

Z said...

ကဗျာလေးက မိုက်တယ်။