Tuesday, February 17, 2009

အချစ်နှင့် သူ၏ဝိရော်ဓိ

အချစ်ပေါ် အယူလွဲ အမြင်မှားနဲ့
စွဲချက်တင်သူတွေရဲ့ အတ္တကြောင့်ပါ
တကယ်တော့
အချစ်ကအဖြူရောင်ဘာသာစကားတစ်ခုပါ
အကယ်၍ အချစ်ဟာရူးသွပ်မှုဆိုရင်
ရိုးသားစွာ ရူးသွပ်ချင်သူပါ...။

မဆုံနိုင်ခင်မှာဘဲ ဝေးခဲ့တယ်
မက်ခဲ့တဲ့အိပ်မက်တွေ
ကာရံမဲ့အလွမ်းတွေ
အမြင်အာရုံအထိ ကပ်ငြိတွယ်စဲပါ...။

မင်းသာမြင်နိုင်မယ်ဆိုရင်
ငါ့နှလုံးသားပြတိုက်မှာ
မင်းပုံရိပ်တွေ အထပ်ထပ်ချိပ်စွဲထားတာ
မင်းတွေ့လိမ့်မယ်...။

အချစ်ကို အဓိပ္ပါယ်ဖွင့်တဲ့နေ့ကဆို
တဘဝစာ လူသားဆန်ခွင့်ပေးတဲ့
မင်းရဲ့ အပြုံးတစ်ချက်ကြောင့်
နှလုံးသားတစ်ခုလုံး ဝင်းလက်ခဲ့တဲ့နေ့
အဲဒီနေ့ကို နေ့တိုင်းအမှတ်ရစဲပါ...။

Anonymous

5 comments:

နေ့အိပ်မက် said...

ဖတ်လို့တော့ကောင်းတယ်..
အရောင်တွေတအားမှိန်လို့ တော်တော်တော့ အားစိုက်ပြီး ဖတ်လိုက်ရတယ်.. :)
နေ့အိပ်မက်က အကြံပြုတာနော်

Unknown said...

visit u to day full of enery in ur sweet poem thank u so much
God bless u 4ever

မမသီရိ said...

အချစ်က အချစ်ပဲပေါ့ မောင်လေးရေ
ကဗျာလေး လှတယ်

မြစ်ကျိုးအင်း said...

တဘ၀စာလူသားဆန်ခွင့်တဲ့လား ညွှန်းချက်ကောင်းလွန်းတယ်
ကဗျာကောင်းလေးပါ

Anonymous said...

တယ်ဟုတ်ပါလားဗျ စာသားတွေ ကြိုက်တယ်ဗျ
ကဗျာကောင်းလေးပါပဲဗျာ။