Sunday, March 29, 2009

ရက်စက်သူ

ကျနော့်သူငယ်ချင်းက ကျနော်ခံစားနေရတာကိုကြည့်ပြီး ကျနော့်အတွက်ရေးထားပေးတဲ့ကဗျာကို ကျနော်နဲ့ထပ်တူခံစားပေးဖို့ ဖော်ပြပေးလိုက်ပါတယ် ….။

ရက်စက်သူ

တကယ်တော့...
နွေးထွေးမှုအပြည့် အကြင်နာတွေပေးခဲ့တယ်
မင်းအတွက် အေးမြမှီခိုဖို့
ငါ့ရင်ခွင်ဖွင့်ဟထားခဲ့တယ်
ဒါပေမယ့်
မင်းကမှအရေးမထားခဲ့တော့လည်း
ကန္တာရလိုပဲ
ငါ့ရင်ခွင်ခြောက်ကပ်လွန်းလှတယ်…။

တကယ်တော့...
အနိုင်မရလိုခဲ့ပါဘူး
ရှုံးနိမ့်မှာကို ကြောက်ခဲ့ရုံပါ
ကိုယ်ထင်ရာ ကိုယ်စိုင်းခဲ့တော့
နီးလျှက်နဲ့ ဝေးသွားခဲ့….။

အခုတော့...
ခံစားချက်တိုင်း အသက်မဲ့
နာကျင်ခံစားမှုတွေ သင်ပုန်းချေလို့
ဆန္ဒတွေ ဖြစ်လာမယ့်တစ်နေ့ကို
ငါ... စောင့်မျှော်နေရင်းပေါ့….။

11 comments:

Anonymous said...

ခံစားချက်လေးက ပြင်းလွန်းနေတယ်...ဆရာ....
သူငယ်ချင်းတွေကိုတောင် ခံစားချက်တွေ ကူးဆက်
ကုန်ပြီ။ ......ဖတ်နေတဲ့ကျွန်မတောင်...ခံစားရပြန်ပြီ။
ရေးထားပေးတဲ့ သူငယ်ချင်းလေးကလည်း တော်တော်ခံစားတက်ပုံများ....ပြင်းပြင်းရှရှ။။
ဘာပဲဖြစ်ဖြစ် အချစ်က အချစ်။။။ဘဝက ဘဝပါ အစ်ကို
တို့ ရာ...အားလုံးအစဉ်ပြေပါစေနော်။။။:)

မိုးခါး said...

အနိုင်လည်းမလိုချင်ဘူး
ရှုံးမှာလည်းကြောက်တယ် ..း)

မိုးခါး said...

စီဗုံးလည်းမတွေ့ ဘယ်မှာအော်ရမလဲ .. :P

ယုန်ကလေး said...

ဟေ့ သူငယ်ချင်း
ခံစားချက်တွေက တကယ်ပဲပြင်းလွန်းပါလား။ ချစ်နေမှတော့ ခံစားရမှာပေါ့နော်။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက် ထပ်ပြီးမခံစားရပါစေနဲလို့ဆုတောင်းပေးလိုက်ပါတယ်

နွေးနွေးသဲမွန် said...

အဲ...လန့့်သွားတာပဲ...
ကောင်းပါတယ်..ခံစားချက်လေးက

Htoo Aung Lwin said...

အချစ်ကြောင့် ရူး၊ အချစ်ကြောင့် မူး ဒီကမ္ဘာကြီးမှာ......
အချစ်ဒုက္ခ တွေခံစားနေရပါလား။ အော်ငါလဲလေ ဤလောကီသားပေမို့.........

အိုင်လွယ်ပန် said...

တကယ်တုပ်နှောင်ခံရပြီဆို
မျှော်လင့်ချက်ဆိုတာ
ကိုယ့်ကိုကိုယ် အသက်ဆက်ရတဲ့ ရောင်ခြည်ဗျ ...

ကောင်းသောနေ့ပါဗျာ ...

zweminhtun said...

ပြည့်စုံရေငါလာလည်သွားတယ်နော်
မင်းကောအဆင်ပြေရဲ့လား
ရှိသမျှဘုရားသခင်ကောင်းချီးပေးပါစေကွာ။ ။

မမသီရိ said...

အခုတော့...
ခံစားချက်တိုင်း အသက်မဲ့
နာကျင်ခံစားမှုတွေ သင်ပုန်းချေလို့
ဆန္ဒတွေ ဖြစ်လာမယ့်တစ်နေ့ကို
ငါ... စောင့်မျှော်နေရင်းပေါ့….။
.........
မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာလောက်
နေပျော်တဲ့ လောက မရှိနိုင်ဘူး မောင်လေးရေ
........
အသက်ရှင်လျက်ရှိတဲ့ ရက်တိုင်း
မျှော်လင့်ချက်တွေ ရစ်သိုင်းဖွဲ့လို့
မင်းအတွက် အသက်ရှင်..

JulyDream said...

အပြင်းစား ခံစားချက်တွေနဲ့ပါလား။ =)

အရာရာ အဆင်ပြေနိုင်ပါစေဗျာ။

Anonymous said...

ကိုယ်ထင်ရာ ကိုယ်စိုင်းပြီးတော့မှ နောင်တမရ
နဲ့တော့