(၁)
ရောင်နီလာနံနက်ခင်းမှာ
ပြတင်းတံခါးလေးကို ဖွင့်ကြည့်တော့
သာယာလှိုက်မောဖွယ်ကောင်းလောက်အောင်ကို
ဆွတ်ပြန့်ကြည်နူးစရာ ရှုမျှော်ခင်းလေးတွေပါ
ဒီလို နေရာ
ဒီလို ဒေသမျိုးမှာ
ဖိနှိပ်မှုတွေ
ချိုးဖောက်မှုတွေ
အဓမ္မတွေ
ပြည်တွင်းစစ်တွေ
ရှိလိမ့်မယ်လို့ ဘယ်သူတွေထင်မှာလဲ...။
(၂)
ငါစဉ်းစားတယ်
ဆန်းသစ်တဲ့နေ့ရက်တွေအကြောင်း
ငါသိချင်မိတယ်
ပန်းသစ်တွေ ဝေေ၀နေတဲ့ မနက်ခင်းတွေအကြောင်း
ငါတွေးကြည့်တယ်
“ဒုက္ခသည်တယောက်က
သူ့အမိနိုင်ငံတော် မြေပုံကို
စူးစိုက်ငေးကြည့်နေသလိုမျိုး ” (ကိုထက်မိုး- လူထုအမေ)
သေချာတာကတော့
လူတွေမျက်နှာပေါ်က
ကမ္ဘာကြီးကိုငါမယုံတော့ဘူး... သေချာပါတယ်...။
ဒီလိုနဲ့ပဲ
ငါ့လက်ထဲက ငါ့ဘ၀လေးကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး
အမှန်တရားကိုလွမ်းလွမ်းနေတတ်ပြီ။
(၃)
လောကဓံနဲ့မိတ်ဆွေဖြစ်နေတဲ့အချိန်
ဖိတ်တ၀က် စင်တ၀က်နေ့ရက်တွေထဲမှာ
ကိုယ့်အတ္တကိုယ်ချစ်ရင်းနဲ့
ငါချစ်တဲ့သူတွေ
ငါမုန်းတဲ့သူတွေနဲ့ ကွေကွင်းခဲ့ရတဲ့အထိပေါ့...။
ငါမခံနိုင်ဘူး ဒီလိုဘ၀မျိုးတွေထဲမှာ
နာကျင်စွာနဲ့ငါအော်ဟစ်မိတယ် သိခွင့်ရှိမလား
ကံတရားရဲ့ လှည့်ကွက်လား
လောကကြီးရယ် ငါတို့တွေအတွက်တရားရဲ့လားလို့။
ပြည့်စုံ
Saturday, January 12, 2008
နာကြည်းမှုများရဲ့ပုစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment