Wednesday, May 14, 2008

မညီမျှခြင်းများ

ကိုယ့်ဖို့ခက်ခဲ့သလောက်
တချို့များလွယ်လိုက်တာ
လောကကြီး ဘာဖြစ်တယ် ဘာညာပေါ့
မပြောချင်တော့ပါဘူး…။

အို… ဗုဒ္ဓ
တပည့်တော် သူတပါးကို
ခြေထိုးခဲ့ဖူးပါလျှင်
တခါတည်းသာ အပြစ်ပေးပါ
စီးဆင်းရာတွေ ပြောင်းလဲတတ်တဲ့
မြစ်ကျိုးအင်းလိုဘ၀မျိုး
မရောက်ရပါနဲ့…..။

ပြောသမျှနားထောင်, ကျွေးသမျှစားပြီး
သက်တမ်းကုန်မယ့် ဘ၀မျိုး
မရောက်ရပါစေနှင့်….

သူတို့လိုပေါ့
မီးစ တဖက်, ရေမှုတ်တဖက်
တွဲသုံးကြည့်ဖူးတယ်
မရဘူးဗျ
ရေနင်တယ်….။


နေနေ(နို့ဖိုးစခန်း)

3 comments:

စိုးထက် - Soe Htet ! said...

:) ကျေးဇူး တင်ပါတယ် ခင် ဗျာ :P

မိုးည said...

ဘ၀ဆိုတာတိုက်ပွဲပါသူငယ်ချင်းမင်းဖြစ်ခြင်တဲ့အရာကို
ရောက်ပါစေလာလည်သွားပါတယ်

Anonymous said...

အယ်... တယ်ဆိုတဲ့စာပါလား။ မိုက်တယ်ဗျာ အရေးအသားလေးတွေ။ ဒါနဲ့ စီဘောက်လဲ မတွေ့ပါလား