Tuesday, February 17, 2009

အချစ်နှင့် သူ၏ဝိရော်ဓိ

အချစ်ပေါ် အယူလွဲ အမြင်မှားနဲ့
စွဲချက်တင်သူတွေရဲ့ အတ္တကြောင့်ပါ
တကယ်တော့
အချစ်ကအဖြူရောင်ဘာသာစကားတစ်ခုပါ
အကယ်၍ အချစ်ဟာရူးသွပ်မှုဆိုရင်
ရိုးသားစွာ ရူးသွပ်ချင်သူပါ...။

မဆုံနိုင်ခင်မှာဘဲ ဝေးခဲ့တယ်
မက်ခဲ့တဲ့အိပ်မက်တွေ
ကာရံမဲ့အလွမ်းတွေ
အမြင်အာရုံအထိ ကပ်ငြိတွယ်စဲပါ...။

မင်းသာမြင်နိုင်မယ်ဆိုရင်
ငါ့နှလုံးသားပြတိုက်မှာ
မင်းပုံရိပ်တွေ အထပ်ထပ်ချိပ်စွဲထားတာ
မင်းတွေ့လိမ့်မယ်...။

အချစ်ကို အဓိပ္ပါယ်ဖွင့်တဲ့နေ့ကဆို
တဘဝစာ လူသားဆန်ခွင့်ပေးတဲ့
မင်းရဲ့ အပြုံးတစ်ချက်ကြောင့်
နှလုံးသားတစ်ခုလုံး ဝင်းလက်ခဲ့တဲ့နေ့
အဲဒီနေ့ကို နေ့တိုင်းအမှတ်ရစဲပါ...။

Anonymous

ဆက်လက်ဖတ်ရှုရန် ...