Monday, October 27, 2008

မနှင်းဆီသို့ လွမ်းသ၀ဏ်

နှင်းဆီကြိုက်တဲ့ ကောင်မလေးရေ
မင်းအတွက် ငါ့နှလုံးသွေးနဲ့ရင်းပြီး
နှင်းဆီတစ်ပင်စိုက်ပျိုးခဲ့တယ်
အခုတော့
ငါစွဲလမ်းတဲ့ နှင်းဆီလေးတစ်ပွင့်
အဝေးမှာ လန်းဆန်းသလား ညှိုးနွမ်းသလား… ငါမသိ…။

တခါတုန်းက ကိုယ့်ကောင်းကင်မှာ
လမင်းလေးတစ်စင်း သာခဲ့ဘူးတယ်
ပျော်ရွှင်မှုတွေ
ပြီးပြည့်စုံခြင်းတွေ
ခွန်အားတွေ
ယုံကြည်မှုတွေနဲ့
ကိုယ့်ကောင်းကင် သိပ်လှခဲ့ဘူးတယ်…။

အခုတော့
အတွေးစိတ်ကူးနဲ့ အလွမ်းတွေရွာချနေတဲ့
တိမ်လိပ်တွေကြား ငါတကိုယ်ရေအထီးကျန်စွာ
နှလုံးသားဒါဏ်ရာနဲ့
ဘ၀ရထားပေါ် ဆက်ကာ လိုက်ပါရအုံးမယ်
ကိုယ်တို့အတွက် ပျော်စရာ ဘူတာရုံလေးတစ်ရုံတော့
ဟောဒီ…မိုးကုတ်စက်ဝိုင်း အနားသပ်မှာရှိရမှာပေါ့…။

P.S (အလွမ်းဆိုတာ မွေးရာပါ မဟုတ်ပေမယ့် အဓိပ္ပါယ်မဲ့ လွမ်းနေမိတယ်…)

Anonymous

3 comments:

Unknown said...

sweet poem
wish to read more

lucas said...

May u b sure tt u planted only one rose plant.....at all....

Anonymous said...

ဒါလေးလဲ တမျိုးကောင်းသဗျ ဆက်ရေးဗျို့