Monday, April 13, 2009

သက်ရောက်မှု

နွေဦးကတော့ ရွက်သစ်ဦး ပုရစ်ဖူးတွေနဲ့ ဝေလို့
တစ်နှစ်လုံး ပုန်းအောင်းနေတဲ့ ပိတောက်ကတော့
မိုးပြေးကိုမျှော်နေရဲ့….။

မိုးအခါ ဘယ်ဆီပုန်းနေမှန်းမသိတဲ့
ဥသြငှက်ငယ်လေးက ကြေကွဲသံစဉ်သီကျူးလို့
ခြောက်သွေ့မှုတွေ ပြေပျောက်ဖို့
မေဦးမိုးကိုမျှော်နေရဲ့….။

အလွမ်းတွေပုံဖော်ထားတဲ့
ဆည်းဆာညနေရီကတော့ ရွှေဝါရောင်တောက်ပလို့
သတိမရချင်တာတွေကို သတိရအောင်ဖန်တီးနေလေရဲ့…။

အတွေးတွေက
အိမ်မက်တွေလိုပဲ လွင့်ပြယ်လိုက်
မိုးကောင်းကင်လို ကြည်လင်လိုက် အုံ့ဆိုင်းလိုက်နဲ့
ဘ၀တွေကို ပန်းပုထု သလို မလိုတာတွေ ဖယ်ထုတ်ရရင်ကောင်းသား
အခုတော့….
ဖွင့်ဟလိုက်တဲ့ စကားလုံးတွေတိုင်း
ပြန်ရောက်လာတော့ သံစဉ်တွေပြောင်းခဲ့
အမေရေ…
သားရဲ့ ညတွေတိုင်းမှာ လမသာခဲ့ဘူး….။


သင်္ကြန်အခါသမယမှာ အားလုံးပျော်ရွှင်အေးချမ်းပါစေ....
နေ့သစ်တွေ လှပကြပါစေ....
ကျနော်ကတော့ အားလုံးရဲ့ အဝေးမှာ .....

ပြည့်စုံ (ဝေါသားလေး)

12 comments:

zweminhtun said...

ပြည့်စုံရေ ငါလာလည်သွားတယ်ကွာ
သင်္ကြန်က က ငါတို့နဲ့ဝေးနေတယ် ဘယ်အထိဝေးနေဦးမလည်းမသိပါဘူးကွာ..

လင်းကြယ်ဖြူ said...

Good တယ်ဗျိုး။ဆက်ဆ္ဂဲ ဆရာရေ
သင်္ကြန်ကို လ္ဂမ်းနေတယ်။မုန့်လုံးရေပေါ်စားချင်တယ်။
ဆက်လက်အောင်မြင်ပါစေ ဘော်ဒါရေ
လင်းကြယ်ဖြူ

Anonymous said...

ကဗျာလာဖတ်သွားတယ်ရှင့်းး
မြူးဆီလာလည်တာကျေးဇူးတင်ပါတယ်။။။

မြူးသျှရီ

Anonymous said...

အစူစူပဲ ကိုပဂါးသိုးရေ အနော်လဲ အားလုံး အဝေးမှာပါပဲ။

Anonymous said...
This comment has been removed by the author.
Anonymous said...

ဒို့များလည်း အတူတူ အဝေးတစ်နေရာမှာပါပဲ သယ်ရင်းရေ... အားမလျှော့ပါနဲ့နော်။

မိုးမြင့်အောင် said...

ရေမစိုဖြစ်တဲ့သင်္ကြန်အကြောင်းတွေကတော့ အမြဲသတိရစရာတွေပါပဲ

လင်းကြယ်ဖြူ said...

မတ္ဂေ့တာကြာပါရောလားဗျာ။
C box မထားဘူးလား

မိုးခါး said...

သင်္ကြန်း(
း) ဒီလိုတောင်မရီနိုင်ပါဘူး

မေသစ္စာမောင် said...

အလည်လာ...ကဗျာလာဖတ်သွားပါတယ်...
အဆင်ပြေပါစေ ဝေါသားလေးရေ...

မေမိုးမခ said...

လာလည်ပါတယ် ကိုပြည့်စုံရေ
ညီမကို lwaypoebloh@gmail.com နဲ့ ပြန်ဆက်သွယ်ပါ မေးလ်အခိုးခံရလို့ပါ

မေလေး said...

သယ်ရင်းရေ
မေလေးလာပြန်လည်တာနောက်ကျသွားတယ် cbox လေးလုပ်ထားပါလားဟင် ဒါမှ ပြောချင်တာတွေ အော်ခဲ့လို့ ရမှာလေ
ခင်တဲ့
မေလေး