Wednesday, April 1, 2009

ချစ်သူ

ကဗျာမရေးတာကြာပြီဖြစ်တဲ့ ကျနော့်ရဲ့ သူငယ်ချင်း နေနေ(နို့ဖိုး-စခန်း)မှ သူမအားတဲ့ကြားကနေ ကျနော့်အတွက် ထပ်တူခံစားပြီးရေးပို့ပေးလိုက်တဲ့ ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။

ချစ်သူ

ချစ်သူ...
မင်းလက်တွေသာ မြဲမြံနေပါစေ
ခိုက်ခိုက်တုန်တဲ့ နှင်းပွင့်တွေကို
ငါ့ရင်ငွေ့နဲ့ နွေးစေမယ်…။

ချစ်သူ…
မင်းအပြုံးတွေသာ အမြဲဝေနေပါစေ…
လောင်ကျွမ်းမတတ် အိုက်စပ်ခြင်းတွေကို
ငါ့နှလုံးသွေးနဲ့ အေးမြစေမယ်…။

ချစ်သူ ..
မင်းရဲ့နှလုံးသားလေးသာ လှနေပါစေ…
အရိုင်းဆန်တဲ့ မြို့ပြမှာ
ငါ့ရဲ့ မြတ်နိုးမှုတွေနဲ့ ကြည်နူးစေမယ်…။

ချစ်သူ...
ယုံကြည်စွာသာ ကိုယ့်ပခုံးပေါ်မှာ မှီထားပေးပါ
သိပ်မဝေးတော့တဲ့ အာဒံရဲ့ ဥယျာဉ်ထဲမှာ
မင်းကြိုက်တဲ့ပန်းတွေ ငါပျိုးထားတယ်…။


နေနေ(နို့ဖိုး-စခန်း)

15 comments:

သီဟသစ် said...

ကိုဝေါသားလေးရေ
ကိုနေနေရေးတဲ့ ကဗျာဖတ်သွားပြီ။
ချစ်သူနဲ့ အမြဲ အဆင်ပြေပါစေဗျာ.

Mhu Darye said...

အဆင်ပြေပါစေ။ ကဗျာလှလေး လာဖတ်သွားတယ်။

မိုးခါး said...

အဆင်ပြေပါစေ .. ထပ်တူခံစားသွားပါတယ် ..း)

Anonymous said...

အင်း...ဒီအစ်ကိုတစ်ယောက်။။။
မြန်မြန်ရောဂါ ပျောက်မှဖြစ်တော့မယ်။
နို့ မဟုတ်ရင်တော့...ရှိသမျှသူငယ်ချင်းတွေဆီ
ဒီအသဲကွဲရောဂါကူးဆက်ရချေရဲ့။
ပြောသာပြောရတယ် ငါ့တောင်ကူးသွားပြီထင်တယ်။။
အဲ......:P

မမသီရိ said...

ချစ်သူ...
ယုံကြည်စွာသာ ကိုယ့်ပခုံးပေါ်မှာ မှီထားပေးပါ
သိပ်မဝေးတော့တဲ့ အာဒံရဲ့ ဥယျာဉ်ထဲမှာ
မင်းကြိုက်တဲ့ပန်းတွေ ငါပျိုးထားတယ်…။
.................
အဲဒါ တကဲ့ ရောဂါ လားကွယ်
..
အဆင်ပြေပါစေ နော်..

မမသီရိ said...

လာခေါ်မှလာတယ် ပြောမှာစိုးလို့
အားနေတုန်းလေး.. ၂ ခေါက်ရောက်ပြီး
၂ ခါ comment ပေးသွားတယ်..း)
...
ကိုယ့်ဖာသာ တပုဒ်လောက်ရေးပါလား
ချစ်သူလေး ပိုရင်ခုန်သွားအောင်လို့..း)

Unknown said...

သီဟသစ်..မှူးဒါရီ...မိုးခါး ...... ပေးတဲ့ဆုနဲ့ပြည့်စုံပါစေဗျာ...

ပြည့်စုံပါမှရမှာဗျ.. ဟဲဟဲ...

ညီမလေးခင်မာလာအောင်ရေ.... မကူးစက်စေပါနဲ့လို့ ဆုတောင်းပေးပါတယ်... မကောင်းဘူးဗျ...

မမသီရိ...ရောဂါထပ်ဆိုးတယ်...
ကျနော်ရေးမလို့မမသီရီရေ.. ဒါပေမယ့် စကားလုံးတွေက ပြည့်နေလို့....

ပြောချင်တာတွေဖြစ်ချင်တာတွေက ပြည့်နှက်နေတယ်...

ကျေးဇူးပါ အားပေးတဲ့အတွက်....

နေ့သစ်တွေလှပပါစေ....

မေ့သမီး said...

နို့ဖိုးစခန်းဆိုတာ ဘယ်မှာလဲဟင်။

ဆောင်းယွန်းလ said...

နေနေကဗျာလေးဖတ်သွားတယ် ညီရေ့

နွေးနွေးသဲမွန် said...

ကောင်းလိုက်တဲ့ ကဗျာလေး...ကြိုက်တယ်...

ကြယ်ဖြူစင် said...

အကိုရေ..ချစ်သူနဲ့အဆင်ပြေပါစေလို့ဆုတောင်း
ပေးပါတယ်...

ညလေး said...

အဆင်ပြေပါစေ ဝေါသားလေးရေ

Anonymous said...

သေတွင်းသွားရင်ရော ချစ်သူကို ဘယ်လို အာမခံမှာလဲ ဟင်...

Anonymous said...

ကိုပြည့်စုံရေ နေနေကဗျာကိုလာဖတ်တယ်..ကျောင်းမှာကတဲက
ဒီကောင်ကလက်ဆိပ်ရှိတာ..ကဗျာရေးရင်လေ..သူက
ပန်းချီတွေလည်းဆွဲတယ်ဗျ..ကျနော့်ကိုတော့ဘယ်မှီမလဲ
ဗျ..နော...ဟီဟီး ...

ku ku said...

ရေးလိုက်တဲ့ကဗျာရဲ့ ခံစားချက်လေးက မိုက်တယ်ဗျ.....ကျတော့မှာလဲ အဲလို ခံစားချက်လေးရှိတယ်ဗျ ဒါပေမဲ့ ချစ်သူကို သမရိုးကြကြီးပြောလိုကရတယ်လေ....အမှတ်တရလေးဖြစ်သွားအောင် ကျတော် ကူုးပါ၇စေနော်.......မကူးခိုင်းလဲ ကူုးသွားတယ်နော် ..ကျေးဇူးတင်ပါတယ် ခဗျ.......