Wednesday, January 27, 2010

ပြက္ခဒိန်

ကြည့်နေရင်း အတွေးတွေ ဇက်သတ်မရ
၂၀၀၉ သူသက်တမ်းစေ့သွားပြီ
မြင်ကွင်းမှ သူပျောက်ကွယ်သွားပြီ
သူ့ရဲ့ အချိန်ကန့်သတ်ချက်ပြည့်သွားပြီ
သက်တမ်းစေ့သွားသည်နှင့် အသုံးဝင်မှု မရှိတော့ဘူးလား...။

အတူရှိတုန်း လက်တွဲ လုပ်ကိုင် ရင်ဆိုင်ကျော်ဖြတ်
အတွေးထဲ ဇာတ်ကွက်တွေ တကွက်ပြီးတကွက်
ဝမ်းနည်း ၀မ်းသာ၊ အားရ အားမရ၊
နောင်တ သင်ခန်းစာ ၊ အတွေ့အကြုံ မျှော်လင့်ချက်...
ကြောင်းကျိုးရလဒ်တွေ တစ်ပွေ့တစ်ပိုက်...။

အားရကျေနပ်မှုမရှိခဲ့တဲ့ သက်တမ်းတခု
ဆင်ခြင်တုံရှိစွာ ခွဲခွာနှုတ်ဆက်လို့
ပူဆွေးမှုတွေကို ပျော်ရွှင်ရွှင်မှုတွေနဲ့အတူ ကျော်လွှားလို့
ရင်ဆိုင်ကျော်ဖြတ်ပါစို့....။

ဆက်လက်ဖတ်ရှုရန် ...