Sunday, May 17, 2009

လမိုက်ည

လမသာတဲ့ကောင်းကင်က ငါပါ
မှော်အတတ်နဲ့ အသက်သွင်း
ကိုယ့်အိပ်မက်ကို ထုဆစ်ပုံသွင်းပြီးမှ
အိပ်မက်တွေ အခိုးခံရတဲ့ည...။

အခုတော့
ရင်ကွဲနာကျနေတဲ့ ငါ့ဒိုင်ယာရီလည်း
အလွမ်းတွေအခါခါမြိုချရလွန်းလို့
ပိုးလိုးပက်လက်
စားပွဲပေါ်မှောက်နေလေရဲ့….။

ပစ္စုပ္ပန် ထွန်းလင်းပြီး
အနာဂတ် တောက်ပဖို့အတွက်
အတိတ်ကို အရောင်ပြောင်းလိုက်ရမှာလား
အကောင်းဆိုတာဘာလဲ
အဆိုးဆိုတာဘာလဲ အဓိပ္ပါယ်မသိချင်တော့ဘူး..
မိုက်မဲတယ်ပြောချင်ပြောပါစေ
အမှန်တရားတကယ်ရှိတယ်ဆိုတာ ယုံကြည်ခဲ့တယ်။

ဘဝတွေက
ချိုမလိုနဲ့ ခါးခါးသွားတော့
အလိုလိုနဲ့ အခါးကြိုက်တတ်သွားတယ်
အဆင်မပြေလွဲမှားမှုတွေကြုံတိုင်း
ကံကြမ္မာကိုအပြစ်တင်ရလွန်းလို့
ကိုယ့်ကံကြမ္မကိုတောင် သနားလာမိတယ်
တကယ်လို့
သန်းခေါင်ထက် မိုးမချုပ်တော့ဘူးဆိုရင်
မနက်ဖြန်ဟာ ငါ့နေ့ပဲပေါ့ ...။


ဝေါသားလေး နှင့် Anonymous

12 comments:

မိုးခါး said...

ဘဝတွေက
ချိုမလိုနဲ့ ခါးခါးသွားတော့
အလိုလိုနဲ့ အခါးကြိုက်တတ်သွားတယ်
အမှန်ပဲနော်

မမသီရိ said...
This comment has been removed by the author.
မမသီရိ said...

သန်းခေါင်ထက် တော့ မိုးချုပ်မယ် မထင်ပါဘူးမောင်လေးရေ..
အားတင်းထားပါ
အဆင်ပြေတဲ့ နေ့လေး..
ကြယ်စင်တွေ ကမဲ့ ညကလေး..
လေညှင်းသာတဲ့ ဆည်းဆာလေးတခု မောင်လေးရှေ့ မကြာခင်ရောက်လာပါလိမ့်မယ်..

ခင်တဲ့
အမ

ကြယ်ဖြူစင် said...

ပစ္စုပ္ပန် ထွန်းလင်းပြီး
အနာဂတ် တောက်ပဖို့အတွက်
အတိတ်ကို အရောင်ပြောင်းလိုက်ရမှာလား..အဲဒီ စာသားလေးကို အရမ်းကြိုက်တယ်..ကဗျာလေးကို ခံစားသွား ပါတယ်..

မေသစ္စာမောင် said...

ကိုယ့်အိပ်မက်ကို ထုဆစ်ပုံသွင်းပြီးမှ
အိပ်မက်တွေ အခိုးခံရတဲ့ည...ဆိုတဲ့ စာသားလေးကို ကြိုက်နှစ်သက်မိပါတယ်..။

ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်များစွာကို မကြာခင်ပိုင်ဆိုင်နိုင်ပါစေ.....

ဒီဘလော့ကို link ထားလိုက်တယ်နော်..။

Anonymous said...

သာယာတဲ့ ဆည်းဆာလေးကိုတော့ မောင်လေးရရှိလာမှာပါ။

ခင်မင်လျှက်
မေတ္တာရောင်ပြန်

aung aung said...

I need the your friends.
I am thargyi.
some lady side me.
do you know မိုးခါး

aung aung said...
This comment has been removed by the author.
Unknown said...

သန်းခေါင်ထက်တော့ညမနက်တော့ပါဘူး ဗျာ

ကျနော်တို့နေ့တွေရောက်လာ မှာ ပါ။

ဆည်းဆာသံစဉ် said...

သန်းခေါင်ထက် ညဥ့်မနက်ရင် မနက်ဖြန်ဟာ ကျွန်တော်တို့ အားလုံးရဲ့ နေ့သစ်ပါပဲ လေ...

ကဗျာ အရသာတွေစားသုံးပြီး နှစ်နှစ် ခြိုက်ခြိုက် ပြန်ထွက်သွားပါတယ် ဗျာ

နေ့အိပ်မက် said...

“ဘဝတွေက
ချိုမလိုနဲ့ ခါးခါးသွားတော့
အလိုလိုနဲ့ အခါးကြိုက်တတ်သွားတယ်”

အဲဒီနေရာလေး တအားသဘောကျတယ်..

“မနက်ဖြန်ဟာ ငါနေ့ပဲပေါ့”
အဲဒီအသုံးလေးလည်း ကြိုက်တယ်...

Anonymous said...

မိုက်မဲတယ်ပြောချင်ပြောပါစေ
အမှန်တရားတကယ်ရှိတယ်ဆိုတာ ယုံကြည်ခဲ့တယ်။

ပုထုဇဉ်လူသားတွေ ဖြစ်လေတော့ မိုက်မှားမိတဲ့အခါလည်း ရှိလိမ့်မယ်။ မိုက်မဲတယ်ပြောလည်း ပြောကြပါစေပေါ့ဗျာ။ အမှန်တရား တစ်ခုကတော့ တကယ် ရှိနေမှာပါ။