Wednesday, January 27, 2010

ပြက္ခဒိန်

ကြည့်နေရင်း အတွေးတွေ ဇက်သတ်မရ
၂၀၀၉ သူသက်တမ်းစေ့သွားပြီ
မြင်ကွင်းမှ သူပျောက်ကွယ်သွားပြီ
သူ့ရဲ့ အချိန်ကန့်သတ်ချက်ပြည့်သွားပြီ
သက်တမ်းစေ့သွားသည်နှင့် အသုံးဝင်မှု မရှိတော့ဘူးလား...။

အတူရှိတုန်း လက်တွဲ လုပ်ကိုင် ရင်ဆိုင်ကျော်ဖြတ်
အတွေးထဲ ဇာတ်ကွက်တွေ တကွက်ပြီးတကွက်
ဝမ်းနည်း ၀မ်းသာ၊ အားရ အားမရ၊
နောင်တ သင်ခန်းစာ ၊ အတွေ့အကြုံ မျှော်လင့်ချက်...
ကြောင်းကျိုးရလဒ်တွေ တစ်ပွေ့တစ်ပိုက်...။

အားရကျေနပ်မှုမရှိခဲ့တဲ့ သက်တမ်းတခု
ဆင်ခြင်တုံရှိစွာ ခွဲခွာနှုတ်ဆက်လို့
ပူဆွေးမှုတွေကို ပျော်ရွှင်ရွှင်မှုတွေနဲ့အတူ ကျော်လွှားလို့
ရင်ဆိုင်ကျော်ဖြတ်ပါစို့....။

2 comments:

maylay said...

ဘာပဲဖြစ်ဖြစ် သက်တမ်းတနှစ်တည်း မပိုမလို သူနေခဲ့တာ ၂၀၀၉ တဲ့ ပြီးရင် ၂၀၁၀ လာမယ်။ ပြီး နောက်ထပ် နောက်ထပ် တနှစ်သက်တမ်းရှင်တွေ ။။။။။ အဆုံးပိုဒ်လေး ပိုကြိုက်တယ်။ ပူဆွေးမှုတွေကို ပျော်ရွှင်မှုတွေနဲ့အတူ ကျော်လွှားလို့ ရင်ဆိုင်ကျော်ဖြတ်ပါစို့။ ဟုတ်တယ်နော်။ နှစ်သစ်မှာ အဆင်ပြေပျော်ရွှင်ပါစေ

ကာရံဆူး said...

ဝေါသားလေးရေ...ပျောက်နေတယ်နော်..နှစ်သစ်မှာ ပျော်ပါစေ...ခရစ်နှစ်ရဲ့ အကူးပြောင်း ကဗျာလေးရေးတော့ တို့ မြန်မာများရဲ့ နှစ်ကူးကဗျာလေးလဲ စပ်စေချင်သေးတယ်လေ...