နေပူလိုက်
မိုးရွာလိုက်
ဆီးနှင်းတွေကျလိုက်
အချမ်းကဲ အအေးကဲနဲ့
အင်းလေ… ဒါဝေါမြို့မှ မဟုတ်တာ
ရာသီဥတုတွေပြောင်း
မြင်ကွင်းတွေပြောင်း
နယ်မြေဒေသတွေပြောင်း
ခံစားမှုတွေလည်းပြောင်းပေါ့….။
လူဆိုတာ တခုခုကို ငြီးငွေ့လာရင်
ဆန့်ကျင်ရာကို ရှောင်ပြေးတတ်ကြတယ်
ငါလည်း ဘာကိုငြင်းဆန်ရမှန်းမသိ
တစ်ယောက်တည်း
သတိရမယ့်သူတွေကို သတိရလိုက်
လွမ်းရမယ့်သူတွေကို လွမ်းလိုက်
လှုပ်ဖို့မပြောနဲ့ ငြိမ်ငြိမ်လေးကို မောနေတယ်…။
သိပ္ပံပညာရှင်တွေက ပြောတယ်
ဘယ်တော့မှ မပြောင်းလည်းတဲ့ နိယာမတဲ့
“ အရာရာဟာ အမြဲတမ်းပြောင်းလည်းနေတယ် ” တဲ့
ငါလည်း မသေချာ မရေရာမှုတွေနဲ့
အချင်းချင်း ဟာမိုနီဖြစ်လို့
သူငယ်ချင်းရေ…
မင်းတို့အပေါ်ကို တ၀ုန်းဝုန်းနဲ့ ရွာနေတဲ့ ဝေါမြို့မိုးက
ငါ့ကို မစိုပြန်ဘူး…။
ပြည့်စုံ
Friday, October 17, 2008
စီးမျောခြင်း…
Subscribe to:
Post Comments (Atom)
2 comments:
I am thargyi.
thargyi
Post a Comment