ကမောက်ကမနဲ့ နိုးတဲ့မနက်
ကျနော်အင်မတန်ချစ်တဲ့ အာရုဏ်ဦးက နှုတ်ဆက်မသွားဘူး
ညတုန်းကတော့
မာစီဒီး စီးမဲ့ကောင်နဲ့
ဖလော်ရီဒါမှာ လှိုင်းစီးချင်ရတာနဲ့
သြစတြေးလျမှာ ငါးမျှားမဲ့လူနဲ့
အိမ်ဖြူတော်ကို ဆေးရောင်ပြောင်းသုတ်မဲ့ကောင်နဲ့
စုံလို့ပေါ့
မူးယစ်လာတဲ့အခါ
အလိုမတူတာတွေ ပေါက်ကွဲကြတာကလွဲရင်
ကျနော်တို့လိမ္မာကြပါတယ်
အမေ
ဘောက်ခတ်ထားတဲ့ သူများကောင်းကင်အောက်မှာ
ခေါင်းငုံ့ပြီးလမ်းလျှောက်နေရပေမဲ့
တကယ်တော့ ကိုယ့်ကောင်းကင်မှာပဲ
လွတ်လပ်စွာ လှော်ခတ်ချင်ခဲ့တာပါ
အမေ
ကျနော်လေ အမှန်တရားတွေမျိုချ
အနာဂတ်ဆိုတာမရှိခဲ့ရင်
(မသေရခဲ့တော့ ခုတော့ဖြင့် အကြိမ်ကြိမ်သေခဲ့ရပေါ့)
အမေ
ကျနော်လေ ကိုယ့်ကျော ကိုယ်သပ်ပြီး
အမောဖြေခဲ့ရတဲ့နေ့တွေ မနည်းတော့ဘူး..။
နေနေ(နို့ဖိုးစခန်း)
Thursday, March 6, 2008
သူစိမ်းကောင်းကင်
Subscribe to:
Post Comments (Atom)
10 comments:
ကောင်းတယ်အစ်ကိုရေ။ ခံစားချက်လေးတွေ ။ စကားလုံးတွေလည်းမိုက်တယ်။ ဆက်ရေးပါနော..
ကဗျာတွေ အားပေးလျှက်ပါ။
အဆင်မပြေတာတွေများလေ ... ကဗျာကျောတင်းလေပဲဗျာ ...
ကျွန်တော်တို့အဆင်ပြေနေကြရင် ကဗျာတွေအိပ်ငိုက်နေကြမလားမသိဘူးနော် ...
လူဆိုတာကလဲ အချိန်တိုင်းအဆင်ပြေနေဖို့ခက်ပါတယ်ဗျာ ...
ကံတရားရဲ့အလိုကိုး ...
ကဗျာလေးကောင်းတယ်ဗျာ ...
ကိုပြည့်စုံရေးထားတာလေးတွေအရမ်းကောင်းတယ်
ဒီကဗျာလေး ကောင်းတယ်ဗျာ
ကဗျာလေးက ကောင်းပါတယ် ခံစားချက်လေးက မိုက်တယ် လူဖြစ်လာပြီးဆိုရင်တော့ တခါတလေ ဒီလိုပဲ ကြုံရမှာပဲနော် အားတင်းထားနော်
အစ်ကိုရေ...အမြဲတမ်း အားပေးနေတယ်နော်
:) ကဗျာကောင်းလေးပဲ . .
ဟုတ်သမှ သိပ်ဟုတ်တဲ့ အကြောင်းတွေ ပဲ:D
ကျနော် လာဖတ်သွားတယ် ဘရို။
ဟုတ်တယ် မောပြီးရင်းမောဆိုသလိုပေါ့ဗျာ။
ဒါပေမယ့် .. မျှော်လင့်နေသရွေ့ သက်ဝင်လှုပ်ရှားနေမှာပဲ ..
ဒီတော့ အနာဂတ်ကော်င်းတွေကို မျှော်ရည်ကြတာပေါ့ဗျာ။
ဘောင်ခတ်ထားတဲ့ ကောင်းကင် အောက်မှာခေါင်းငုတ်လမ်းလျှောက်နေရတာ မောတယ်........
ကဗျာလေး အရမ်းကောင်းတယ် အစ်ကိုရေ့..........။
ခံစားချက်တွေခြင်း တူနေတယ်
အားပေးနေပါတယ် ။
Post a Comment