Saturday, June 13, 2009

အလွမ်းည

ကောင်းကင်တခွင်လုံး
အလွမ်းတွေငွေ့ဆိုင်း
ဒီလိုညတွေကုန်ဆုံးစေဖို့
ကြယ်တွေကြွေတိုင်းဆုတောင်းခဲ့
ချစ်သူနှစ်ဦးပြန်ဆုံဆည်းမယ့် ရက်ကိုပေါ့…။

ချစ်သူနဲ့ကွေကွင်းရတဲ့ ဒုက္ခထပ်ပိုပြီးခံစားတဲ့
ဝေဒနာတွေသာမရရှိခဲ့ရင်
ဒီညဟာ...
မလွမ်းတတ်သူတွေတောင်
လွမ်းမိမှာ သေချာပါတယ်
လူသားဆန်ဆန်လွမ်းရင်း
အိပ်ရေးပျက်ခဲ့တဲ့ညတွေကို
အေးအေး ဆွေးဆွေးကျော်လွန်သွားရင်းပေါ့….။

အပြုံးလှလှလေးတွေ ပိုင်ဆိုင်တဲ့
သူရဲ့ အရည်ချင်း……

မေ...ပြတင်းတွေကိုဖွင့်ပေးပါ
သစ်ရွက်တွေဝေတဲ့ကြားက
အလွမ်းငွေ့တွေ ဝင်ခဲ့ပါစေ…..

အို... မေ
ချစ်ခြင်းသည်
အရသာရှိသော
ပူပန်ခြင်းတမျိုးပင်ဖြစ်လေသည်…။

Anonymous

15 comments:

မေလေး said...

ကိုဝေါသားရေ
တစ်နယ်သားချင်း လာအားပေးပါတယ်နော်
မေလေးကိုလည်း ညီမလေးတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ခင်ပေးပါနော်
ခင်တဲ့
မေလေး

တနယ်တည်းသားချင်းမို့ နောက်ကြုံရင် အေးအေးဆေးဆေး စကားပြောခွင့် ရချင်ပါတယ်

Anonymous said...

ကိုဝေါသားလေးရေးးးးးးးးးးးးး
ကဗျာလေးလာဖတ်တယ်

မျက်မှန်လေး said...

ကဗျာတွေအားပေးသွားပါတယ်ရှင့်။
ပြတင်းတံခါးကိုလည်းဖွင့်လို့ထားပါတယ်ရှင့်။
ဟီး၂

Apprenticeship said...

ချစ်ခြင်းသည် အရသာရှိသော ပူပင်ခြင်းတဲ့ အပါးပါး စာသားလေးတော့ ကြိုက်သွားပီ :)

ရောင်ပြန် said...

အလွမ်းညတဲ့... ကောင်းလိုက်တာပ

zweminhtun said...

သူငယ်ချင်းပြည့်စုံရေငါလာလည်သွားတယ်
မင်းကောအခြေနေကောင်းရဲ့လား
မေတ္တာရောင်ပြန်ဟပ်ပါစေကွာ
သူငယ်ချင်း

မိုးစက်အိမ် said...

ကဗျာလေး တွေ အားလုံးဘဲ ကောင်းတယ်ဗျာ...
ဆက်ရေးပါ အားပေးနေပါမယ်...ခင်မင်လျက်

နွေးနွေးသဲမွန် said...

လာလွမ်းသွားပါတယ်... :-)

မဆုမွန် said...

ချစ်သူကို လွမ်းရတော့မယ့် ညတွေအတွက် ဒီကဗျာလေးနဲ့ကြိုလွမ်းနှင့်ပြီ

မိုးခါး said...

ချစ်ချင်းသည် အရသာရှိသော ပူပန်ခြင်းတမျိုးတဲ့ .. မိုက်တယ် ..း)
ပျော်ရွှင်ပါစေနော်

သုခုမလေဒီ said...

ဝေါသားလေးရဲ့ အလွမ်းညကိုဖတ်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။ အလွမ်းညတွေပျောက်ဆုံးပါစေ။

မမသီရိ said...

အလွမ်းညတွေ အမြန်ဆုံး လွန်မြောက်ပါစေ

မိုးခါး said...

ရှိခဲ့တယ်ဆိုတဲ့အမှန်တရားလေ ..
ဟဲဟဲ
ဘာရယ်မဟုတ်ဘူး .. စိတ်ကူးရတုန်းရေးလိုက်တာ ..
အကုန်အဆင်ပြေပါတယ်
စိတ်ပူပေးလို့ ရှဲ့ရှဲ့နီ :D

ကြယ်ဖြူစင် said...

အလွမ်းညတွေလွန်ပါစေ..အကိုရေ..

မေတ္တာကမ္ဘာ said...

ပိုလွမ်းမိသွားပြီ...ကူးသွားပြီအစ်ကိုရေ...